မင်းပြားမြို့နယ်အခြေအနေ မေးမြန်းချက် (မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီ)
DVB
·
May 21, 2016
ရွန်နူဆိုင်ကလုန်းမုန်တိုင်းကို အနီရောင်အဆင့် တိုးမြှင့်သတ်မှတ်လိုက်ပြီးဖြစ်ကြောင်း၊ မကြာမီအချိန်အတွင်း ရခိုင်ကမ်းရိုးတန်းကို ၀င်ရောက်တော့မယ်လို့ မိုးဇလက ဒီဗွီဘီကို ပြောပါတယ်။
မင်းပြားမြို့နယ်ရဲ့ လက်ရှိအခြေနေကို မီသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီးမျိုးနိုင်ကို ဒီဗွီဘီသတင်းထောက် ၀ဏ္ဏခွာညိုက မြန်မာစံတော်ချိန် ၂ နာရီမှာ မေးမြန်ထားပါတယ်။
“မုန်တိုင်းကတော့ ဖြတ်နေတုန်းပဲခင်ဗျ။ အပျက်အစီးစာရင်းကတော့ မသိရဘူး။ မိုးတွေအရမ်းရွာနေတယ်။ လေးတွေတိုက်နေတယ်။ အခုတော့နည်းနည်းငြိမ်နေတယ်။ မနေ့က ဒီနေ့အထိ မြို့ထဲမှာရော မုန်တိုင်းရှိတဲ့အကြောင်းဆော်သြော်ထားပါတယ်။ မြစ်ဘက်တွေကို စက်လှေတွေနဲ့သွားပြီး လှမ်းအော်ထားပါတယ်။ ဒီမနက်ပိုင်း ၉ နာရီ ၁၀ နာရီလောက်ကဆိုရင် အရမ်းကိုလေတိုက်ပြီး မိုးရွာတယ်။ အခုတော့ နည်းနည်းလေဖိအားနည်းနညိးငြိမ်နေတယ်ခင်ဗျ။”