အလုပ်ချိန်ပိုခိုင်းသည့် စက်ရုံ ၃ ရုံကို ကျပ်ငွေ ၄၁ သိန်းစီ ငွေဒဏ်ချမှတ်
အာကာ
·
May 2, 2016
၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် ပိတ်ရက် အက်ဥပဒေနဲ့ ၁၉၅၁ အလုပ်ရုံများ အက်ဥပဒေတို့အရ တရားစွဲဆိုခံထားရတဲ့ လှိုင်သာယာ စက်မှုဇုန်ထဲက စက်ရုံ ၃ ရုံကို တစ်ရုံကို ကျပ် ၄၁ သိန်းစီ ငွေဒဏ်ပေးဆောင်ဖို့ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တရားလိုပြုလုပ် တိုင်ကြားခဲ့တဲ့ ဒီအမှုတွေကို မေလ ၂ ရက်နေ့က လှိုင်သာယာမြို့နယ်တရားသူကြီးက အခုလို အမိန့်ချခဲ့တာပါ။
ဒီစက်ရုံတွေအနေနဲ့ သတ်မှတ်ထားတာထက် အလုပ်အချိန်ပို ပိုခိုင်းတာကြောင့် ခုလိုတရားစွဲဆို ပြစ်ဒဏ်ချမှတ်ခံရတာလည်း ဖြစ်ပါတယ်။
စက်ရုံ၃ ရုံက တရုံကို ပိုင်ရှင် မန်နေဂျာ၂ဦးစီကို ပုဒ်မ ၂ ခုစီနဲ့ စွဲဆိုခဲ့တာဖြစ်ပါတယ်။
ပြစ်ဒဏ်ချမှတ်ခံရတဲ့ စက်ရုံ ၃ ရုံစလုံးဟာ တရားသူကြီး စတင်စစ်ဆေးစဉ်မှာပဲ အပြစ်ဝန်ခံခဲ့တဲ့ အတွက် ပထမဆုံးရုံးချိန်းမှာပဲ အမိန့်ချနိုင်ခဲ့ပါတယ်။