ကံမမြို့နယ်တွင် လေပြင်းကြောင့် နေအိမ်များ ပြိုကျ
DVB
·
April 30, 2016
မကွေးတိုင်း၊ ကံမမြို့နယ်ထဲမှာ ဧပြီ ၂၉ ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်၊ မိုးရွာ၊ မိုးသီးကြွေတာကြောင့် အိမ်အချို့ပြိုကျခဲ့ပြီး ဓာတ်အားလိုင်း ဓာတ်တိုင်တွေ ပြိုလဲကျခဲ့ပါတယ်။
မကွေးတိုင်း၊ ကံမမြို့နယ်ထဲက ထန်းကောက်၊ ပွတ်စု၊ စံပယ်ခြုံ၊ ညောင်ပင်ကွင်း၊ စတဲ့ ကျေးရွာတွေမှာ တိုက်ခတ်သွားတဲ့ လေပြင်းနဲ့ မိုးသီးကြွေ၊ မိုးရွာမှုကြောင့် ထန်းကောက်ရွာမှာ အိမ် ၄ လုံးပြိုကျပြီး အိမ် ၁၀ လုံးအမိုးလန်ကာ လျှပ်စစ်မီးတိုင် ၂၄ တိုင် ပြိုလဲကျခဲ့ပါတယ်။
ပွတ်စုရွာမှာတော့ အိမ် ၁ လုံးပြိုပြီး ၈ လုံး အမိုးလန်ခဲ့ကာ စံပယ်ခြုံကျေးရွာနဲ့ ညောင်ပင်ကွင်းရွာတွေမှာလည်း အိမ်အချို့ပြိုကျခဲ့ပြီး ဘုန်းတော်ကြီးတကျောင်းပါ ပျက်စီးခဲ့ပါတယ်။
သတင်းဓာတ်ပုံ - မင်းညို