ဖောင်းပြင်တွင် ကြက်ဥအရွယ် မိုးသီးများကျ၊ အိမ်လေးလုံးပြို (ဓာတ်ပုံ)
DVB
·
April 24, 2016
စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် မိုင်းချောင်းကျေးရွာအုပ်စုမှာ ဧပြီ ၂၃ ရက်နေ့ ညနေပိုင်းက လေပြင်းတွေ တိုက်ခတ်ပြီး မိုးနဲ့အတူ ကြက်ဥအရွယ်လောက်ရှိတဲ့ မိုးသီးကြီးတွေ ကျရောက်ခဲ့လို့ နေအိမ်တွေ ပျက်စီးသွားပါတယ်။
အဆိုပါ မိုးသီးကျရောက်မှုကြောင့် အိမ် ၄ လုံး ပြိုခဲ့ပြီး လူတဦး ဒဏ်ရာရကာ ကျွဲတစ်ကောင်လည်း သေဆုံးသွားပါတယ်။ ကျရောက်ခဲ့တဲ့ မိုးသီးတွေက ကြက်ဥအရွယ်အစားလောက် ရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - ရန်နိုင်စိုး