မိုးသည်းထန် လေပြင်းတိုက်သဖြင့် လူ ၁ ဦးသေ၊ ၂၀ ကျော် ဒဏ်ရာရ
DVB
·
April 23, 2016
စစ်ကိုင်း၊ ရေဦး၊ ခင်ဦး၊ တံတားဦး၊ သပိတ်ကျင်း၊ မဘိမ်း၊ မြိုင်၊ တီးတိန် စတဲ့မြို့တွေမှာ မနေ့ညနေပိုင်းက မိုးသည်းထန်စွာရွာပြီး မိုးသီးကြွေတာကြောင့် လူ ၁ ဦး သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။ အဆောက်အဦပြိုကျ ပျက်စီးမှုတွလည်း ရှိခဲ့တယ်လို့ သက်ဆိုင်ရာ ပြန်ဆက်ရုံးတွေက သတင်းထုတ်ပါတယ်။
စစ်ကိုင်းမြို့၊ မီးရထားရပ်ကွက်မှာ လေပြင်းတိုက်လို့ ၀န်ထမ်းအိမ်ရာပြိုကျတာ ပိမိပြီး လူ ၁ ဦးသေဆုံးခဲ့တယ်။ မိုးသီးတွေ ၁၅ မိနစ်လောက် ကြွေကျတာ ပတ်ဝန်းကျင်တခုလုံး ဖွေးသွားတယ်လို့ ရဲနဲ့ ဒေသခံတွေကို ကိုးကားပြီး ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။
ရေဦးမြို့မှာတော့ လေပြင်းတိုက်ပြီး လောက်စာလုံးခန့်ရှိတဲ့ မိုးသီးတွေ ကြွေကျလို့ အဆောက်အဦတချို့ ပြိုကျပြီး လူ ၁ ဦး ထခိုက်ဒဏ်ရာရရှိကာ သစ်ပင်တွေလဲကျမှုကြောင့် မုံရွာ-ရေဦး ကားလမ်း ပိတ်ဆို့ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မှာတော့ လေပြင်းထန်ပြီး မိုးသီးကြွေကျတာကြောင့် ကလေး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိပြီး ၆ ဦး ဆေးရုံတင်ကုသထားရပါတယ်။
အလားတူ သပိတ်ကျင်း၊ မဘိမ်း၊ မြိုင်နဲ့ တီးတိန်မြို့တို့မှာလည်း လေပြင်းတိုက်ပြီး မိုးသီကြွေ မိုးသီးထန်စွာ ရွာသွန်းခဲ့တာကြောင့် အဆောက်အဦတချို့ ပြိုကျ ပျက်စီးခဲ့ပါတယ်။
မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ဧပြီ ၂၁ နဲ့ ၂၄ ရက်အကြား ပြည်နယ်တိုင်းအားလုံးလောက်နီးနီးမှာ မိုးတိမ်တောင်ကြောင့် မိုးသည်းထန်မယ်၊ လေပြင်းတိုက်မယ်၊ မိုးကြိုးပစ်မယ်လို့ သတိပေးထားပါတယ်။