ပြည်သူနှင့်အမျိုးသား ဒုသမ္မတလောင်း ၄ ဦး အမည်စာရင်းတင်သွင်း
DVB
·
March 10, 2016
ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ဒုသမ္မတလောင်းတွေအဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးထင်ကျော်နဲ့ ကြံ့ခိုင်ရေးပါတီက ဒေါက်တာ စိုင်းမောက်ခမ်းတို့ကို အဆိုပြုတင်သွင်းလိုက်ပါတယ်။
အမျိုးသားလွှတ်တော်မှာတော့ ဒုသမ္မတလောင်းတွေအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဟင်နရီဗန်ထီးယူနဲ့ ကြံ့ခိုင်ရေးပါတီက ဦးခင်အောင်မြင့်တို့ကို အဆိုပြု တင်သွင်းခဲ့ပါတယ်။