နိုင်ငံတော်အကြီးအကဲကို သရော်သူ ကြက်ဖကြီးကို ရုံးထုတ်စစ်ဆေး
DVB
·
February 15, 2016
ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ကွန်ပြုတာပြုလုပ်ချက်တွေကို အသုံးပြုပြီး နိုင်ငံတော်အကြီးအကဲတွေကို လှောင်ပြောင်သရော်နေသူ ကြက်ဖကြီးလို့ သံသယရှိနေတဲ့ ကိုလှဖုန်းကို မရမ်းကုန်းမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးနေပါတယ်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ညက မရမ်းကုန်မြို့နယ်နေအိမ်မှာ ဧည့်စာရင်းဝင်ရောက် စစ်ဆေးရင်း အဖမ်းခံခဲ့ရတာဖြစ်ပြီး ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
ဓာတ်ပုံ- ဟိန်းကို