တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ မီးသတ်ဦးစီးဌာန၏ မင်္ဂလာဈေးမီးလောင်မှု အစီရင်ခံစာ တင်ပြမည်
DVB
·
January 21, 2016
မင်္ဂလာဈေး မီးလောင်မှုနှင့် ပတ်သက်တဲ့ အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရဖွဲ့ထံကို ဇန်န၀ါရီ ၂၂ ရက် နောက်ဆုံးထား တင်ပြသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနက သိရပါတယ်။
မင်္ဂလာဈေးမှာ တပ်ဆင်ထားတဲ့ အလိုအလျောက် မီးငြှိမ်းသတ်စက် Water Sprinkler ကတော့ အစစ်မဟုတ်ဘဲ မီးသတ်က အကြံပြုထားတဲ့ Water Sprinkler မဟုတ်ကြောင်းလက်ရှိမှာ မီးသတ်က စစ်ဆေးတွေ့ရှိထားပါတယ်။
ဇန်န၀ါရီ ၉ ရက် နံနက် ၁ နာရီခွဲ အချိန်က မင်္ဂလာဈေးမီးလောင်မှုကြောင့် ဈေး တတိယထပက ဆိုင်ခန်း ၇၉၁ ခန်း၊ စတုတ္ထထပ်က ၇၉၇ ခန်း နဲ့ ပဉ္စမထပ်က ဆိုင်ခန်း ၄၈ ခန်း မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။