Home
မြန်မာသတင်း
မြို့တော်စည်ပင်ကိုယ်တိုင် ထုတ်ပြန်ထားသည့်စည်းကမ်းကို တိတိကျကျဆောင်ရွက်ရန် လိုဟု ရန်ကုန်မြို့ နေထိုင်သူများ ပြော
ဇေယျာချမ်းအေး
·
January 5, 2016
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ မိမိထုတ်ပြန်တဲ့စည်းကမ်းကို ကိုယ်တိုင် တိတိကျကျ ဆောင်ရွက်ဖို့လိုအပ်တယ်လို့ ရန်ကုန်မြို့မှာနေထိုင်သူတွေက ပြောဆိုလိုက်ပါတယ်။ ဇန်န၀ါရီ ၁ ရက်က စတင်ပြီး ရန်ကုန်မြို့တွင်း စည်ပင်ပိုင်နေရာတွေမှာ ကားပါကင်နေရာဦးတာ ကို နီးစပ်ရာ အဆောက်အဦပိုင်ရှင်တွေက လုပ်ဆောင်ခွင့်မရှိတော့ဘူးလို့ မြို့တော်စည်ပင်က ကန့်သတ်လိုက်တာပါ။ ဒါပေမယ့် ဇန်န၀ါရီ ၂ ရက်အထိ အဲဒီစည်းကမ်းကို လိုက်နာမှုမရှိကြသလို အရေးယူမှုလည်း မရှိသေးတဲ့အတွက် အခုလို ဝေဖန်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ကျောက်တံတားမြို့နယ် ၃၈ လမ်းမှာ နေထိုင်သူ ဦးကိုဦး က “ဒီဘက်မှာ လှုပ်ရှားတာမျိုးတော့ မတွေ့သေးဘူး။ စည်းကမ်းထုတ်တာကတော့ ကောင်းတယ်။ သူတို့ လုပ်နိုင်ဖို့ပဲအ ရေးကြီးတယ်။ လုပ်နိုင်မယ်ဆိုလည်းတိတိကျကျလုပ်တာ ပိုကောင်းတာပေါ့”လို့ ပြောပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ယာဉ်ကြောပိတ်ဆို့မှုဖြေရှင်းရေးအတွက် နည်းလမ်းပေါင်းစုံ အသုံးပြုနေတယ်လို့ကြေညာထားပေမယ့် လက်တွေ့ကျကျဆောင်ရွက်မှု အားနည်းတယ်လို့လည်း ယာဉ်မောင်း တချို့ကဆိုပါတယ်။ ယာဉ်မောင်း ဦးတင်သိန်း က “နေရာယူထားတဲ့သူတွေက ကားမရှိလည်း နေရာယူထားတာပဲ။ အခုကမောင်းသွားတဲ့သူ ရှိရင် ထိုးလို့ရမယ်။ ကောင်းတာပေါ့။ ငါတို့က လွတ်ရင်ထိုးလိုက်တယ်။ မလွတ်ရင်ပတ်နေရတယ်။” ဦးသိန်းစိန်အစိုးရလက်ထက် ယာဉ်ဟောင်းအပ်နှံ ယာဉ်သစ်တင်သွင်းခွင့်ပေးခဲ့ပြီးနောက်ပိုင်း ရန်ကုန်မြို့တွင်းမှာ ယာဉ်ကြောပိတ်ဆို့မှု ကားပါကင်မလုံလောက်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပါတယ်။ ဒီပြဿနာတွေအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မော်တော်ယာဉ် လိုင်းပေါင်းစုံကြီးကြပ်ရေးကော်မတီ၊ ယာဉ်ထိန်းရဲတို့ ပူးပေါင်းအဖြေရှာနေပေမယ့် အခုအချိန်အထိတော့ ပြေ လည်မှုမရသေးပါဘူး။”လို့ ပြောပါတယ်။ “ကားပါကင်က ခက်ခဲတယ်။ နေရာမရရင် ပတ်မောင်းနေရတာပေါ့။  ကားကျပ်တဲ့အချိန်မှာ နေရာ ဦးတာတော့ မကောင်းဘူးပေါ့။ အခက်အခဲဖြစ်ပါတယ်။ စည်းကမ်းပျက်ရင်တော့ အရေးယူသင့် ပါတယ်။”လို့ ရန်ကုန်မြို့မှာ တက္ကဆီမောင်းတဲ့ ဦးဆန်းလင်း က ပြောပါတယ်။ အခုထုတ်ပြန်ထားတဲ့ ကားပါကင်နေရာမဦးရဆိုတဲ့စနစ်ဟာ ကားပါကင်မလုံလောက်မှုအတွက် အဖြေမှန်မဟုတ် သေးဘဲ ယာယီဆေးမြီးတိုသာဖြစ်တယ်လို့လည်း ဝေဖန်မှုတွေရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024