ထိုင်း-မြန်မာ ချစ်ကြည်ရေး ခရစ္စမတ်ပွဲတော် ပြုလုပ်
DVB
·
December 13, 2015
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ နှစ်နိုင်ငံ ချစ်ကြည်ရေး အနေနဲ့ ခရစ္စမတ်ပွဲတော် ဖွင့်ပွဲ အခမ်းအနားတခုကို ဒီဇင်ဘာ ၁၃ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားကို မဲဆောက်မြို့ရှိ ဘောလုံကွင်းထဲမှာ ပြုလုပ်ခဲ့ပြီး မဲဆောက်မြို့တော်ဝန် ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့ကြောင်း ထိုင်း မန်နေဂျာ အွန်လိုင်း သတင်းမှာ ဖော်ပြထားပါတယ်။
အဆိုပါပွဲကို ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ လူဦးရေ ၁၀၀၀ လောက် တက်ရောက်ခဲ့တယ်လို့ သတင်းမှာ ရေးထားပါတယ်။