ဒေါ်အောင်ဆန်းစုကြည် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ (ဓာတ်ပုံ)
DVB
·
November 28, 2015
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ရန်ကုန်မြို့က တော်ဝင်နှင်းဆီမှာ ဒီနေ့ ပထမဆုံးအနေနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။
ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မနက်ပိုင်းမှာ တွေ့ဆုံပြီးရင် မွန်းလွဲပိုင်းမှာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
ဒီဇင်ဘာလ ၅ ရက်နေ့ ကျရင်လည်း မြန်မာပြည်အထက်ပိုင်းက မန္တလေး၊ စစ်ကိုင်း၊ ကယားပြည်နယ်နဲ့ ချင်းပြည်နယ်။
မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် နာဂ၊ ဓနု၊ အင်းသားနဲ့ ပလောင် ဒေသက ကိုယ်စားလှယ်တွေနဲ့ ပျဉ်းမနားမြို့ မေခန်းမမှာ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ကြားထားပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ပေါင်း ၁၀၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ရာမှာ ၈၈၇ ဦး လွှတ်တော်အသီးသီးမှာ ရွေးကောက်တင်မြှောက်ခံခဲ့ရတာဖြစ်ပြီး ပါတီခေါင်ဆောင်နဲ့ ရွေးကောက်ပွဲအပြီး ပထမဆုံး အကြိမ် တွေ့ဆုံမှုဖြစ်ပါတယ်။