နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် ကြိုတင်မဲ စတင်ပေး (ဓာတ်ပုံ)
နေဖြိုးဝင်း
·
October 29, 2015
နေပြည်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး မှာ ၀န်ထမ်း ၂၁ ဦး ကြိုတင်မဲပေးခဲ့ကြတယ်လို့ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်မြက ပြောပါတယ်။
ဒီလို ကြိုတင်မဲလာပေးကြတဲ့ ၀န်ထမ်းတွေဟာ ခရီးသွားရမယ့် သူတွေဖြစ်ပြီး အတွင်းဝန်၊ ညွန်ကြားမှူးချုပ်၊ ညွန်ကြားရေးအဆင့်တွေ အများစုဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် နေပြည်တော်ကောင်စီနယ်မြေအတွင်းက ပျဥ်းမနားမြို့၊ ရန်အောင် ၂ ရပ်ကွက်မှာလည်း ၀န်ထမ်းတွေ ကြိုတင်မဲပေးကြတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - နေဖြိုးဝင်း