မချောစန္ဒီထွန်းကို မအူပင်တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ် (ဓာတ်ပုံ)
DVB
·
October 27, 2015
လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ စစ်တပ်ရဲ့ ယူနီဖောင်းအရောင်သစ် ပြောင်းတဲ့အပေါ် သရော်တဲ့သဘောမျိုး ရေးသားခဲ့လို့ ဖမ်းဆီးခံခဲ့ရတဲ့ မချောစန္ဒီထွန်းကို အောက်တိုဘာ ၂၇ ရက်က မအူပင်တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပါတယ်။
မချောစန္ဒီထွန်းဟာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေတဲ့ပုံနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောနေတဲ့ပုံတို့ကို တွဲတင်ပြီး စစ်တပ်ရဲ့ ယူနီဖောင်း အရောင်သစ်ကို ဒေါ်အောင်ဆန်းစုကြည် ၀တ်ဆင်တဲ့ ထမီအရောင်နဲ့ နှိုင်းယှဉ် သရော်ခဲ့လို့ဆိုပြီး အောက်တိုဘာ ၁၂ ရက်နေ့က ဖမ်းဆီးခဲ့တာပါ။
မချောစန္ဒီထွန်းကို ဆက်သွယ်ရေးပုဒ်မ ၃၄ (ဃ) နဲ့ အမှုဖွင့်ထားပြီး မအူပင်တရားရုံးမှာ အောက်တိုဘာ ၁၃ ရက်နေ့က ပထမအကြိမ် ရုံးထုတ်ခဲ့ပါတယ်။
ဓာတ်ပုံ - လင်းဆက်အောင်