ဦးဌေးဦး သစ္စာဓိဋ္ဌာန်စတုဒီသာ ထူးခြားသော အာဟာရ အလှူတော် ပြုလုပ်
DVB
·
October 10, 2015
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦး ဦးဆောင်တဲ့ သစ္စာဓဋ္ဌာန်စတုဒီသာ ထူးခြားသော အာဟာရ အလှူတော် တရပ်ကို ဒီနေ့မနက်ပိုင်းက နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ဘုရားမှာ ပြုလုပ်ခဲ့ပါတယ်။
နတ်စင်တစ်ရာ ဆရာတော်ဘုရားကြီးကို အမှူးထားပြီး ပြည်ခိုင်ဖြိုး ပါတီ ဒုတိယဥက္ကဋ္ဌ/ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦး မိသားစုက ဒေသခံတွေကို စတုဒီသာ တည်းခင်း ဧည့်ခံရာမှာ ဦးဌေးဦးကိုယ်တိုင် လုပ်အားဒါနပြုခဲ့တယ်လို့ ပြည်ခိုင်ဖြိုးပါတီအင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဒီအလှူပွဲကို ပါတီထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဦးလှဌေးဝင်း၊ ဦးမြင့်လှိုင်၊ ဦးမြတ်ဟိန်း၊ ဦးသိန်းဆွေတို့ တက်ရောက်ခဲ့ပြီး စတုဒီသာ ထမင်း၊ ကြက်သားဘူးသီးချက်၊ ဘာလချောင်ကြော် စတဲ့ ထမင်း၊ ဟင်းတွေနဲ့ ဧည့်ခံခဲ့ပါတယ်။
ဓာတ်ပုံ - ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ