ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းများနှင့် ပါတီဝင်များ နေပြည်တော်တွင် တွေ့ဆုံ
DVB
·
September 28, 2015
စက်တင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီဝင်တွေ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ပွဲကို ပါတီအထွေထွေအတွင်းရေး ဦးတင်နိုင်သိန်းတက်ရောက်ခဲ့ပါတယ်။
အထွေထွေအတွင်ရေးမှုး ဦးတင်နိုင်သိန်းက " ကျွန်တော်တို့ပါတီ ကျွန်တော်တို့အစိုးရအနေနဲ့ ပြောင်းလဲမှုကို အဆင့်သုံးဆင့်နဲ့ ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်ကတည်းက ပြည်သူတွေ လိုလားနေတဲ့ ဒီမိုကရေစီအပြောင်းအလဲကို ပြည်သူ့ဆန္ဒအတိုင်း ပြောင်းလဲချိန်တန်ပြီလို အဲဒီအချိန်ကတည်းက သုံးသပ်ခဲ့လို့ အဲလိုပြင်ဆင်ပြီးတော့မှ ပြောင်းလဲနိုင်အောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်"လို့ ပြောပါတယ်။
ဓာတ်ပုံ - နေဖြိုးဝင်း