ကော့မှူးတွင် အန်အယ်လ်ဒီ ရွေးကောက်ပွဲအောင်နိုင်ရေး ပြုလုပ် (ဓာတ်ပုံ)
DVB
·
September 11, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပထမအကြိမ်အောင်နိုင်ရေး လှုပ်ရှားမှုကို ကော့မှူးမြို့နယ်ထဲက ဝါးဘလောက်သောက်ကျေးရွာနဲ့ သမင်ခြံကျေးရွာတွေမှာ စက်တင်ဘာ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
အန်အယ်လ်ဒီ အောင်နိုင်ရေးလှုပ်ရှားမှုမှာ အောင်နိုင်ရေးတေးသီချင်းတွေ သီဆိုတာနဲ့ ရွေးကောက်ပွဲ အသိပညာပေးဆိုင်ရာ ပြဇာတ်တိုတွေကိုလည်း ကပြခဲ့ပါတယ်။ ဒီလှုပ်ရှားမူမှာ အနုပညာရှင်တွေ ပါဝင်ဖို့ စီစဉ်ထားပေမယ့် အချိန်အခက်ခဲကြောင့် ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။
အန်အယ်လ်ဒီ အနေနဲ့ ရန်ကုန်တိုင်းအတွင်းမှာ အောင်နိုင်ရေးလှုပ်ရှားမှုတွေကို ဆက်တိုက် လုပ်သွားမယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ - အိမမမွန်