Home
မြန်မာသတင်း
နေပြည်တော်တွင် ငြိမ်းချမ်းရေး ဆွေးနွေး၊ ကချင်ပြည်နယ်တွင် တိုက်ပွဲဖြစ်
နော်နိုရင်း
·
September 9, 2015
နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေ တပြည်လုံး အပစ်ရပ်စာချုပ် (အန်စီအေ) ညှိနှိုင်းဆွေးနွေးနေချိန်မှာ အစိုးရတပ်တွေနဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ကေအိုင်အေ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က “တပ်မဟာ ၃ တပ်ရင်း ၁၂ ဒေသတွေမှာ နှစ်ရက်သုံးရက် ရှိနေပြီ ဖြစ်နေတယ်။ ဒီ ကျနော်တို့ ဗန်းမော် ရွှေကူဘက်မှာ ဖြစ်ပါတယ်။ တပ်မဟာ ၃ ရဲ့ ရှေ့အကာကင်းတွေ ဖြစ်ပါတယ်။ ဒီမနက်က သတင်းတွေလည်း ရှိပါတယ်။ ဒါပေမယ့် အကြီးအကျယ်တော့ မဟုတ်ပါဘူး။ ပြောက်ကျားသဘောမျိုးတွေ ရှိပါတယ်။” လို့ ပြောပါတယ်။ တိုက်ပွဲလျှော့ချဖို့ ကေအိုင်အေဘက်က အမြဲပြောပေမယ့် အစိုးရတပ်ဘက်က ထိုးစစ်ဆင်မှုတွေကြောင့်သာ တိုက်ပွဲဖြစ်ပွားနေကြတာလို့လည်း သူက ပြောပါတယ်။ “အစိုးရဘက်က ညွှန်ကြားသလား မညွှန်ကြားဘူးလားဆိုတာ ကျနော်တို့ မသိရဘူးပေါ့လေ။ ဒါပေမယ့် ကျနော်တို့ကတော့ အစည်းအဝေးတွေ ရှိတယ်ဆိုရင် အမြဲတမ်း ကိုယ့်ဘက်က ထိန်းထိန်းသိမ်းသိမ်းဖြစ်ဖို့၊ အဓိကကတော့ ကျနော်တို့ ကေအိုင်အေက သွားပြီး ထိုးစစ်ဆင်တာတွေ တခုမှ မရှိသေးပါဘူး အခုချိန်ထိ။” ပြီးခဲ့တဲ့ မတ်လတုန်းက အန်စီအေ အတည်ပြုမူကြမ်း လက်မှတ်ရေးထိုးနေချိန်တုန်းကလည်း ကေအိုင်အေကို လေယာဉ်နဲ့ အကြီးအကျယ် တိုက်ခိုက်ခဲ့တာကို ထောက်ပြပြီး ဆွေးနွေးပွဲတွေ ကျင်းပချိန်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားမှုဟာ သမားရိုးကျလို ဖြစ်နေပြီလို့လည်း ဗိုလ်ချုပ် ဂွမ်မော်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024