ရေဘေးသင့်ပြည်သူများအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က ဒေါ်လာ ၃ သန်းကူညီမည်
ပိုင်စိုး
·
August 25, 2015
မြန်မာနိုင်ငံက ရေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်နိုင်ရေး အတွက် အာရှဖွံ့ဖြိုးရေးဘဏ်က အမေရိကန်ဒေါ်လာ ၃ သန်းကူညီမယ်လို့ ဒီနေ့ပဲ ထုတ်ပြန်လိုက်ပါတယ်။
အဓိကလိုအပ်ချက်တွေနဲ့ အရေးပေါ်လိုအပ်တဲ့ဝန်ဆောင်မှုတွေကို အထောက်အကူပြုနိုင်ဖို့ အတွက် အာရှ-ပစိဖိတ် သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေး ရန်ပုံငွေကတဆင့် ထောက်ပံ့သွား မှာပါ။
ရေဘေးကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေနဲ့ အခြေခံ အဆောက်အအုံတွေ ပြန်တည်ဆောက်တဲ့ လုပ်ငန်းတွေအတွက် ထောက်ပံ့နိုင်ဖို့လည်း စဉ်းစား သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအနှံ့မှာ ရေကြီးရေလျှံခဲ့တာတွေကြောင့် လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ပြီး လူ ၁၆ သိန်းကျော် ရေဘေးဒဏ်ခံခဲ့ရတာ ဖြစ်ပါတယ်။