Home
အထွေထွေ
တရုတ် ဓာတုပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှု သေဆုံးသူ ၁၀၄ ဦး ရှိပြီ
DVB
·
August 16, 2015
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဆိပ်ကမ်းမြို့ တီယန်ကျင့်က ဓာတုပစ္စည်း သိုလှောင်ရုံ ပေါက်ကွဲမှုအတွင်း သေဆုံးသူ  ၁၀၄ ယောက်ရှိပြီလို့ အာဏာပိုင်တွေက သြဂုတ် ၁၅ ရက်နေ့က ပြောပါတယ်။ ဆေးရုံတင်ထားရတဲ့ လူနာ ၇၂၂ ယောက်ထဲမှာ ၅၈ ယောက်ရဲ့ အခြေအနေက စိုးရိမ်ရတယ်လို့ ကယ်ဆယ်ရေးဌာနက ပြောပါတယ်။ သြဂုတ် ၁၅ ရက်နေ့ တရက်တည်းမှာ လူ ၄၆ ယောက်ကို ကယ်တင်ခဲ့ရတယ်လို့ မီးသတ်ဌာနက ပြောပါတယ်။ အသက် ၄၀ ကျော် အမျိုးသား တယောက် ကယ်တင်နိုင်တာလို့ CCTV သတင်းမှာ ပြသပါတယ်၊ အပျက်အစီးတွေကြားထဲက အကူအညီတောင်းတဲ့ အော်သံကို ရှာဖွေရေး အဖွဲ့က ကြားရလို့ ကယ်တင်နိုင်ခဲ့ပြီး သြဂုတ် ၁၅ ရက်နေ့ မွန်းလွဲပိုင်းအထိ သူ့ရဲ့ ကျန်းမာရေး အခြေအနေ တည်ငြိမ်နေတယ်လို့ CCTV သတင်းက ဆိုပါတယ်။ ပေါက်ကွဲမှု ဖြစ်တဲ့နေရာမှာ အသက်အန္တရာယ်ရှိတဲ့ ဆိုဒီယံ ဆိုင်ယာနိုက်  အဆိပ်ဓာတ်ငွေ့ရှိနေတယ်လို့ ရဲအဖွဲ့ကို ကိုးကားပြီး  သတင်းက ဆိုပါတယ်။ သြဂုတ် ၁၃ ရက်နေ့က ဓာတုပစ္စည်း သိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် သြဂုတ် ၁၅ ရက်နေ့ အထိလည်း အသေးစား ပေါက်ကွဲမှု၊ အသေးစား မီးလောင်မှုတွေ ဆက်ဖြစ်နေပါတယ်။ တီယန်ကျင့်မြို့မှာ  လူဦးရေ ၁၅ သန်း နေထိုင်ပြီး ပေါက်ကွဲမှုအရှိန်ကို ခပ်ဝေးဝေးမှာ ရှိတဲ့ လူနေ တိုက်ခန်းတွေအထိ ခံစားခဲ့ရပါတယ်။ ဓာတ်ပုံ - cctvnews  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024