ကလေးရေဘေးဒုက္ခသည် ၃၀၀၀ ကျော် ရိက္ခာပြတ်လပ်မှု ကြုံတွေ့နေရ (ဓာတ်ပုံ)
DVB
·
August 5, 2015
ကလေးမြို့နဲ့ ၃ မိုင်အကွာက အဲဒီရွာမှာ ရေနစ်မြုပ်တဲ့ ပတ်ဝန်းကျင်ကျေးရွာ ၁၃ ရွာက ရေဘေးဒုက္ခသည် ၃၀၀၀ ကျော် ခိုလှုံနေရပါတယ်။
စာသင်ကျောင်းတွေမှာဖွင့်လှစ်ထားတဲ့ အဲဒီဒုက္ခသည်စခန်းဟာ ကလေးမြို့နဲ့ ချိတ်ဆက်ထားတဲ လမ်းတွေပျက်ဆီးနေတဲ့အတွက်
တခြားရေမြုပ်ဒေသတွေလိုပဲ ရိက္ခာပြတ်လပ်မှု ပြဿနာ နဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။
လက်ရှိ အချိန်မှာတော့ ၅ ရက်စာရိက္ခာပဲ ကျန်တော့သလိုပဲ ပုဂ္ဂလိက အလှုရှင်တွေ လှူဒါန်းနေပေမယ့် အခြေခံ စားသောက်ကုန်နဲ့ အဝတ်အထည်တွေ လိုအပ်နေတယ်လို့ ကူညီပေးနေတဲ့ စခန်းတာဝန်ခံတွေက ပြောပါတယ်။
ကလေးမြို့နယ်ထဲက ရေနစ်မြုပ်ခဲ့တဲ့ ကျေးရွာတွေမှာတော့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ ရိက္ခာ လိုအပ်ချက်နဲ့ နေထိုင်စရာအခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။
သတင်းဓာတ်ပုံ - သူရိန်