ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ မြန်မာနိုင်ငံရောက်ရှိ
DVB
·
August 3, 2015
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ကုလသမဂ္ဂကို တင်သွင်းမယ့် မြန်မာ့လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာနဲ့ ပတ်သက်ပြီး အချက်အလက်ရယူဖို့ ရန်ကုန်မြို့မှာ သြဂုတ်လ ၂ ရက်နေ့ကတည်းက ရောက်ရှိနေပါတယ်။
ခရီးစဉ်အတွင်း ယန်ဟီးလီဟာ သမ္မတရဲ့ အကြံပေး အဖွဲ့တွေ၊ ပြည်ထောင်စု လွှတ်တော် နာယကနဲ့ ဥပဒေကြမ်းကော်မတီတွေ၊ ပြည်ထောင်စုဝန်ကြီးတွေအပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌတို့နဲ့ တွေ့ဆုံမှာ ဖြစ်ပြီး အစီရင်ခံစာနဲ့ ပတ်သက်တဲ့ နေရာတွေကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။
မစ္စ ရန်ဟီးလီဟာ မြန်မာနိုင်ငံမှာ သြဂု ၂ ရက်နေ့ ၇ ၇က်နေ့အထိ ရှိနေမှာ ဖြစ်ပြီး သြဂုတ်လ ၇ ရက်နေ့မှာတော့ မြန်မာနိုင်ငံက ပြန်လည်မထွက်ခွာခင် ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။
မစ္စရန်ဟီးလီဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလကလည်း မြန်မာနိုင်ငံကိုလာရောက်ပြီး အကျဉ်းထောင်တွေနဲ့ ရခိုင်နဲ့ ကချင်ပြည်နယ်အတွင်း ဒုက္ခသည်စခန်း တွေက လူ့အခွင့်အခွင့်အရေးအခြေအနေတွေကို လေ့လာခဲ့ပြီး ခုခရီးစဉ်ကတော့ သူ့ရဲ့ တတိယ အကြိမ်မြောက် မြန်မာပြည်ခရီးစဉ်ဖြစ်ပါတယ်။
သတင်းဓာတ်ပုံ- MOI