ပြည်နယ်တိုင်း ၄ ခုကို အရေးပေါ် အခြေအနေကြေညာ
DVB
·
August 1, 2015
သမ္မတ ဦးသိန်းစိန်က ချင်း၊ စစ်ကိုင်း၊ မကွေးနဲ့ ရခိုင် စတဲ့ ပြည်နယ်တိုင်း ၄ ခုကို သဘာဝဘေးကျရောက်တဲ့ ပြည်နယ်တိုင်းများအဖြစ် ဇူလိုင် ၃၁ ရက်စွဲနဲ့ အရေးပေါ်အခြေအနေ ကြေညာ လိုက်ပါတယ်။
အဲ့ဒီ ပြည်နယ်တိုင်း ၄ ခုဟာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများပြီး မူလအခြေအနေပြန်ရောက်ဖို့ အခက်အခဲရှိမယ့် ဒေသတွေဖြစ်လို့ အခုလို ကြေညာတာလို့ ဆိုပါတယ်။