Home
မြန်မာသတင်း
Miss Myanmar World 2015 ကို ဘယ်သူတွေ ဆွတ်ခူးရရှိခဲ့သလဲ... (ရုပ်သံ)
DVB
·
July 13, 2015
ဇူလိုင် ၁၁ ရက်နေ့က ဒုတိယအကြိမ် ကျင်းပတဲ့ Miss Myanmar World 2015 ကို အလှမယ် ခင်ရတနာသိန်းမြင့်က winner ဆု ဆွတ်ခူးရရှိခဲ့ပါတယ်။ Miss Myanmar World 2015 ပြိုင်ပွဲ နောက်ဆုံးဆန်ခါတင် ၁၈ ဦးအထဲမှာ Top 5 အဖြစ် မော်ရိန်းလူဆန် (Maureen Lu San) နန်စန္ဒာလှထွန်း၊ ပိုးပိုးရွှေရည်၊ နိုနိုကေ နဲ့ ခင်ရတနာသိန်းမြင့်ရွေးခဲ့တာပါ။ နောက်ဆုံးမှာ ခင်ရတနာသိန်းမြင့်ကို Miss Myanmar World 2015 အားဖြစ် ရွေးချယ်ခဲ့ပြီး ပထမ runner up ကို ခါးနံပါတ် ၁၉ မော်ရိန်းလူဆက ရသွားပါတယ်။ ဒုတိယ runner up ကိုတော့ ခါးနံပါတ် ၁၈ နန်စန္ဒာလှထွန်းက ရရှိခဲ့တာဖြစ်ပါတယ်။ ပွဲကို ဇူလိုင်လ ၁၁ ရက်နေ့က ရန်ကုန်မြို့ Myanmar Event Park မှာ ကျင်းပခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၁၄ က ပထမအကြိမ် Miss Myanmar World ပြိုင်ပွဲမှာ အလှမယ် ဝိုင်းလေးက ရရှိခဲ့ပါတယ်။ အခု winner ဆုရာထားတဲ့ ခင်ရတနာသိန်းမြင့်ဟာ လာမယ့် ဒီဇင်ဘဘလမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ကျင်းပမယ့် Miss World 2015 အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024