DVB Logo
Home
မြန်မာသတင်း
ပြည်နယ်တိုင်းအချို့ မိုးကြီးဦးမည်ဟု မိုးလေ၀သကြေညာ
DVB
·
June 28, 2015
ပြည်နယ်တိုင်းအချို့ မိုးကြီးဦးမည်ဟု မိုးလေ၀သကြေညာ
1 / 2
Donate to DVB

ရေကြီးရေလျှံမှုတွေဖြစ်ပွားနေတဲ့ ပြည်နယ်တိုင်းတချို့မှာ မိုးကြီးဦးမယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

မိုးလေ၀သဌာနရဲ့ ဇွန်၂၈၊ မွန်းလွဲ ၂ နာရီအချိန် ထုတ်ပြန်ချက်အရ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဇွန် ၂၉ ရက်ညနေအထိ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။

မှတ်သားဖွယ်ရာ မိုးရေချိန်များ ဖော်ပြထားရာမှာ လပွတ္တာမြို့တွင် (၁၀.၅၉) လက်မ၊ စစ်တွေမြို့တွင် (၇.၄၈) လက်မ၊ ဘီးလင်းမြို့တွင် (၄.၆၉)လက်မ၊ မြောင်းမြမြို့တွင် (၄.၃၇)လက်မ၊ ဂွမြို့တွင်(၄.၀၆) လက်မ၊ တမူးမြို့နှင့် တောင်ကုတ်မြို့တို့တွင် (၃.၇၄)လက်မစီ၊ ကျောက်ဖြူမြို့တွင် (၃.၅၀) လက်မ၊ ပုသိမ်မြို့တွင် (၃.၄၃) လက်မနှင့် မောင်တောမြို့တွင် (၃.၃၁) လက်မတို့ ဖြစ်ကြပါတယ်။

လတ်တလောမှာ ရခိုင်ပြည်နယ်အပါအ၀င် ပြည်နယ်တိုင်း ၆ ခုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာကြောင့် ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားရပြီး ရခိုင်ပြည်နယ်မှာ ရေကြီးရေလျှံမှု အဆိုးဆုံး ဖြစ်ပွားနေတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013