Home
မြန်မာသတင်း
သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၄၅ ဦးရှိပြီ
DVB
·
June 28, 2015
အခုနှစ်နှစ်ဆန်းပိုင်းကစပြီး ဇွန်လ ၂၆ ရက်အထိ တနိုင်ငံလုံးမှာ သွေးလွန်တုပ်ကွေးရော ဂါဖြစ်ပွားသူ ၁၀၀၀၀ ကျော်ရှိပြီး ၄၅ယောက် သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဧရာဝတီိုင်းမှာ ရောဂါဖြစ်ပွားသူ ၂၀၀၀ ကျော်ရှိပြီး ပြည်နယ်တိုင်းအလိုက် ရောဂါဖြစ်ပွားမှုနှုန်း အများဆုံး ဖြစ်ပါတယ်။ အဲ့ဒီနောက် မွန်ပြည်နယ် ၁၈၀၀ ကျော်၊ ရန်ကုန်တိုင်း ၁၅၀၀ ကျော်၊ မန္တလေးတိုင်း ၁၃၀၀ ကျော် ရောဂါဖြစ်ပွားခဲ့တယ်လို့ ၀န်ကြီးဌာန စာရင်းဇယားအရ သိရပါတယ်။ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးမှုနှုန်းမှာ ရန်ကုန်တိုင်းအတွင်း သေဆုံးသူ ၁၁ ယောက်ရှိပြီး သေဆုံးသူအများဆုံး ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီး ဒေါက်တာသန်းအောင်က မကြာသေးခင်ကပဲ အခုနှစ် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းဟာ အရင်နှစ်ကထက် ၂ ဆ ပိုဖြစ်ပွားနေတယ်လို့ ပြောဆိုထားပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ မူကြိုကျောင်းသားအရွယ်မှ အထက်တန်း ကျောင်းသားအရွယ်အတွင်း အများဆုံးဖြစ်တဲ့အတွက် ကလေးငယ်တွေ ခြင်ကိုက် မခံရအောင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးနဲ့ ခြင်ကျား၊ လောက်လန်း ကင်းစင်ရေးကို အထူးဦးစားပေးဆောင်ရွက်ကြဖို့ လိုတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးနှိုးဆော်ထားပါတယ်။ ဒါ့အပြင် ခြင်ကျားကိုက်တတ်တဲ့ နေ့အချိန်မှာ ကလေးငယ်တွေ စုဝေးပညာ သင်နေရတာကြာင့် ရောဂါတွေ အမြန်ကူးစက်နိုင်တယ်၊ ဖျားနေတဲ့ ကလေးငယ်တွေ ရှိ၊ မရှိ စောင့်ကြပ်လေ့လာပြီး အမြန်ဆုံးဆေးကုသမှု ခံယူတာဟာ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးမှု လျော့ကျရေးကို အများကြီး အထောက်အကူဖြစ်နိုင်တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024