DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် မိုးသည်းထန် မြေပြို၊ သတိထားသွားကြရန် အစိုးရနှိုးဆော်
DVB
·
June 27, 2015
ရခိုင်တွင် မိုးသည်းထန် မြေပြို၊ သတိထားသွားကြရန် အစိုးရနှိုးဆော်
1 / 6
Donate to DVB

ရခိုင်ပြည်နယ်အတွင်း မိုးကြီးပြီး မြေပြိုတာကြောင့် လမ်းပိတ်ဆို့မှုတွေ ရှိနေပြီး အခုရက်ပိုင်း သတိထားသွားလာကြဖို့ ပြည်နယ်အစိုးရက သတိပေးနှိုးဆော်ထားပါတယ်။

ပြည်နယ်အတွင်း ၂ နေရာလောက်မှာ မိုးကြီးလို့ မြေပြိုပြီး လမ်းပိတ်ဆို့နေတာ ရှိနေတယ်လို့ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။

“ကျနော် မနက်က နောက်ဆုံးအချိန်အထိ ဆက်သွယ်ထားရသလောက်တော့ ကယ်ဆယ်ရေးစခန်းဖွင့်ပြီး လုပ်ရတဲ့ပုံစံတော့ မရှိဘူး၊ မင်းဘူးဘက်က ရခိုင်ဘက်လာတဲ့လမ်းမှာ လမ်းပြိုပြီး လမ်းပိတ်နေတာ ရှိပါတယ်။ လမ်း ၄ နေရာလောက်ပိတ်နေလို့ အဲ့ဒီနေရာတွေမှာ ဘေလီတံတားထိုးပြီး ပြင်ရမယ့်အပိုင်း ရှိပါတယ်။ နောက်တခါ ကျောက်တော်နဲ့ မြောက်ဦးဘက်လာတဲ့ လမ်းဘက်မှာလည်း မြေပြိုတာတွေ ရှိတယ်။”

မိုးများပြီး ချောင်းမြောင်းတွေ ရေမြင့်တက်လာလို့ ကားလမ်းထိပ်ထိ ရေထိုးလာတာမျိုးတွေ ဖြစ်ပေါ်နေတယ်လို့လည်း ပြောပါတယ်။

ပြည်နယ်အတွင်း ကျောက်တော်၊ သံတွဲ၊ တောင်ကုတ် စတဲ့ မြို့တွေရဲ့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ  ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။

မိုးလေ၀သဌာနက ပြီးခဲ့တဲ့ ၃ ရက်လောက်ကစပြီး ရခိုင်နဲ့ တနင်္သာရီ အပါအ၀င် ပြည်နယ်တိုင်းတချို့မှာ မိုးကြီးပြီး ရေကြီးနိုင်တယ်၊ မြေပြိုမှုတွေ ဖြစ်ပွားနိုင်တယ်လို့ အသိပေးကြေညာခဲ့ပါတယ်။

အဲ့ဒီလို အသိပေးကြေညာခဲ့ပြီးတဲ့နောက် နိုင်ငံအနှံ့ မိုးရွာသွန်းခဲ့ပြီး ဒေသအလိုက် မိုးကြီးခဲ့ပါတယ်။ အဲ့ဒီနောက် ရခိုင်နဲ့ တနင်္သာရီ၊ ထားဝယ်ဘက်တို့မှာ ရေကြီး ရေဖုံးလွှမ်းတာနဲ့ မြေပြိုမှု ဖြစ်ပွားတဲ့သတင်းတွေ ဆက်တိုက် ထွက်ပေါ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ မိုးလေ၀သဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ရခိုင်မှာ နောက် ၃ ရက်၊ တနင်္သာရီမှာ နောက် ၅ ရက်လောက်ထိ မိုးကြီးနိုင်သေးတယ်လို့ ခန့်မှန်းပြောပါတယ်။

“မုတ်သုံက ခုချိန်ထိကို အားအလွန်ကောင်းနေသေးတယ်။ ရခိုင်ရော၊ တနင်္သာရီရော အားအလွန်ကောင်းနေသေးတယ်။ နောက် နှစ်ရက်သုံးရက်လောက်နေမှ ရခိုင်ဘက်က နည်းနည်းလေး ကျသွားမယ်၊ ဒါပေမယ့် တနင်္သာရီဘက်မှာတော့ နောက်ထပ် ငါးရက်ခြောက်ရက်လောက်ထိ အားကောင်းနိုင်တဲ့ အနေအထား ရှိပါသေးတယ်ဗျ။”

သံတွဲမြို့ ရေကြီးနေစဉ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013