နယူးယောက်ထောင်ပြေး နှစ်ဦးထဲက တဦးကို အသေပစ်ခတ်ဖမ်းဆီး

အသေပစ်ခတ်ဖမ်းဆီးရမိသည့် ရစ်ချက် မတ်
နယူးယောက် အကျဉ်းထောင်ကို ဖောက်ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ နှစ်ရှည်အကျဉ်းသား နှစ်ဦးထဲက တဦးကို ဇွန် ၂၆ ရက်နေ့က အသေဖမ်းနိုင်ခဲ့ပြီး ကျန်တဦးကို ဆက်လက်ရှာဖွေနေပါတယ်။ ရစ်ချက် မတ် ဆိုတဲ့ အကျဉ်းသားကို ကနေဒါနဲ့ နယ်စပ် တီတက်စ် ရေကန်နယ်မြေမှာ ဇွန် ၂၆ ရက်နေ့မှာ ရဲက အသေ  ပစ်ခတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြည်နယ်ရဲအဖွဲ့ ပြောပါတယ်။ဒေးဗစ် ဆွက် ဆိုတဲ့ နောက်အကျဥ်းသားတဦးကတော့ လွတ်မြောက်နေပါတယ်။ နှစ်ရှည် အကျဉ်းသားနှစ်ဦးဟာ လုံခြုံရေး တင်းကြပ်တဲ့ ကလင်တန်အကျဉ်းထောင်ကနေ လွန်ခဲ့တဲ့ ၃ ပတ်ကတည်းက ထွက်ပြေးလွှတ်မြောက်ခဲ့တာဖြစ်ပြီး ရဲက ပိုက်စိပ်တိုက်ရှာဖွေနေတဲ့ ကြားက ကနေဒါဘက်ကို ထွက်ပြေးဖို့ ကြိုးစားတယ်လို့ ရဲအဖွဲ့က ယူဆနေပါတယ်။ [caption id="attachment_99735" align="aligncenter" width="622"]ရစ်ချက် မတ်နှင့် ဒေးဗစ် ဆွက် ရစ်ချက် မတ်နှင့် ဒေးဗစ် ဆွက်[/caption] ရစ်ချတ်မတ်ကို အသေဖမ်းတဲ့ တောထဲမှာပဲ  ဒေးဗစ်ဆွက်ကလည်း ထွက်ပြေးနေတာကြောင့်  ရဲအင်အား ၁၁၀၀ က ဆက်လက်ရှာဖွေနေပါတယ်။ ထောင်ပြေး နှစ်ဦးကို ခြေရာခံမိတဲ့ မယ်လုံးမြို့ဟာ နယူးယော့ခ် ပြည်နယ်ထဲမှာပဲ ရှိပြီး  ကလင်တန် အကျဉ်းထောင်ကနေ အနောက်တောင်ဘက် ၂၇ မိုင်အဝေးက ကနေဒါနယ်စပ်မှာ တည်ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up