DVB Logo
Home
မြန်မာသတင်း
မြန်မာသမ္မတ ဦးသိန်းစိန် မွန်ဂိုလီးယား သွားမည်
DVB
·
June 25, 2015
မြန်မာသမ္မတ ဦးသိန်းစိန် မွန်ဂိုလီးယား သွားမည်
Donate to DVB

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ  မွန်ဂိုလီးယားသမ္မတရဲ့ ဖိတ်ကြားချက်အရ မွန်ဂိုလီးယား နိုင်ငံကို မကြာမီ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်မယ်လို့ အစိုးရက ဇွန် ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မွန်ဂိုလီးယားသတင်းတွေမှာတော့ ဇွန်လ ၂၈ ရက်ကနေ ၃၀ ရက်အထိ သွားရောက်မယ့်  မြန်မာသမ္မတရဲ့ ခရီးစဉ်မှာ  မွန်ဂိုလီးယား သမ္မတ၊ ၀န်ကြီးချုပ်နဲ့ ပါလီမန်လွှတ်တော် ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံဖို့ရှိပြီး နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ သတ္တု၊နဲ့ ယဉ်ကျေးမှုကိစ္စတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးမယ်လို့  ဖော်ပြပါတယ်။

မွန်ဂိုလီးယားအနေနဲ့ မြန်မာရဲ့ ဒီမိုကရေစီ အတွေ့အကြုံတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာမှာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖလှယ်သွားဖို့ရှိပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်တွေလည်း ချုပ်ဆိုဖို့ရှိတယ်လို့ ဆိုပါတယ်။

ဒါဟာ  နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး စတင်တဲ့ ၁၉၅၆ ခုနှစ်ကတည်းက ပထမဆုံးအကြိမ် နိုင်ငံတော်အဆင့် သွားရောက်တဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013