DVB Logo
Home
မြန်မာသတင်း
ထိုင်းစွမ်းအင်ကုမ္ပဏီ မြန်မာ့သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမည်
DVB
·
June 25, 2015
ထိုင်းစွမ်းအင်ကုမ္ပဏီ မြန်မာ့သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမည်
1 / 2
Donate to DVB

ထိုင်းနိုင်ငံ အကြီးဆုံး အစိုးရပိုင် ပီတီတီ စွမ်းအင်ကုမ္ပဏီဟာ အရှေ့တောင်အာရှမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ စက်ရုံနဲ့ မြန်မာ သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့ သဘောတူညီချက် လက်မှတ်ရေးထိုးလိုက်ပါတယ်။

ဒီအတွက် ရပ်ချဘူရီ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကုမ္ပဏီနဲ့ အကျိုးတူ ရင်းနှီးမြှုပ်နှံဖို့ သဘောတူညီ လက်မှတ်ရေးထိုးခဲ့တယ်လို့ ရိုက်တာသတင်းက ရေးပါတယ်။

သဘောတူညီချက်အရ ပီတီတီကုမ္ပဏီဟာ အရည်အဖြစ် ပြောင်းလဲထားတဲ့ သဘာဝဓာတ်ငွေ့ (အယ်လ်အန်ဂျီ) တွေကို မြန်မာမှာ သိုလှောင်နိုင်အောင် ရေပေါ် သိုလှောင်ထားနိုင်တဲ့ အရာတွေနဲ့ ဓာတ်ငွေ့အဖြစ် ပြန်လည်ပြောင်းလဲနိုင်တဲ့ ယူနစ် (အက်ဖ်အက်စ်အာယူ) တွေကို ဖွံ့ဖြိုးအောင် လုပ်ဆောင်သွားမယ်လို့ ရပ်ချဘူရီကုမ္ပဏီ အမှုဆောင်အရာရှိ ပေါင်ဒစ်ပေါ့ချနာက သတင်းထောက်တွေကို ပြောပါတယ်။

ပထမအဆင့် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ရှိမယ်လို့ ခန့်မှန်းထားပြီး အက်ဖ်အက်စ်အာယူက တန် ၃ သန်း သိုလှောင်ထားနိုင်မယ်လို့ ဆိုပါတယ်။

ရပ်ချဘူရီကုမ္ပဏီက ၂၅ ကနေ ၃၀ ရာခိုင်နှုန်းထိ စီမံကိန်းကို ပိုင်ဆိုင်မယ်လို့လည်း ပြောပါတယ်။

ထိုင်းနိုင်ငံဟာ စွမ်းအင်အသုံးပြုမှုရဲ့ ၇၀ ရာခိုင်နှုန်းကို သဘာဝဓာတ်ငွေ့ကနေ ရယူ အသုံးပြုနေပြီး ဒီအထဲက ၅ ပုံ ၁ ပုံဟာ မြန်မာကရရှိတာ ဖြစ်ပါတယ်။

နောင်လာမယ့် ၆ နှစ်ကနေ ၇ နှစ်အတွင်းမှာ ထိုင်းဟာ နိုင်ငံတွင်းထုတ်လုပ်နိုင်မယ့် သဘာဝဓာတ်ငွေ့ ပြတ်တောက်နိုင်သလို ရေရှည်အသုံးပြုနိုင်ဖို့အတွက် စိန်ခေါ်မှုတွေ ရှိနေပါတယ်။

ပီတီတီနဲ့ ရပ်ချဘူရီ ကုမ္ပဏီဟာ ၆၀၀ မီဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား စက်ရုံတရုံကို ကျိုင်းတုံမြို့မှာ တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။

စက်ရုံအတွက် ခန့်မှန်းခြေ ဒေါ်လာ ၁.၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ၅၀၀ မဂ္ဂါဝပ်ကို ထိုင်းနိုင်ငံ တင်ပို့မယ်လို့ ပေါင်ဒစ်ပေါ့ချနာက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013