ထွက်ပြေး မြန်မာနိုင်ငံသားနှင့် ပတ်သက်၍ သတင်းပေးရန် စင်ကာပူရဲ ထုတ်ပြန်
DVB
·
June 25, 2015
လူသတ်ရန်ကြိုးပမ်းမှုနဲ့ပတ်သက်ပြီး လွတ်မြောက်နေတဲ့ ကိုဝင်းကျော်ကျော်အောင် (ခ) အောင်အောင်နဲ့ပတ်သက်ပြီး သတင်းပေးဖို့ စင်ကာပူ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဇွန် ၂၄ ရက်က စင်ကာပူ ရဲတပ်ဖွဲ့ရဲ့ လူမှုရေးကွန်ရက် ဖေ့ဘွတ်ခ် စာမျက်နှာမှာ လူသတ်ရန်ကြိုးပမ်းမှု အားပေးကူညီမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုကို ကူညီဖို့ တောင်းခံထားတာဖြစ်ပါတယ်။
ကိုအောင်အောင်ဟာ ဇွန် ၂၂ ရက်က စင်ကာပူကနေ ထွက်ခွာသွားပြီလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
ကိုအောင်အောင်နဲ့ ပတ်သက်တဲ့ သတင်းတွေကို 1800-255-0000နဲ့ www.police.gov.sg/CrimeStopperမှာ ပေးပို့နိုင်တယ်လို့လည်း ထုတ်ပြန်ပါတယ်။
ဇွန် ၂၁ ရက် မနက်ပိုင်းက Pasir Ris ၇၁ လမ်းက ဘီအယ်လ်ကေ ၇၄၇ အေ ကားရပ်တဲ့နေရာမှာ ပီအာရထားတဲ့ မြန်မာတဦးကို ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘဲ ဓားစာခံက ရဲကို အကြောင်းကြားခဲ့ပြီးတဲ့နောက် အခုလို ဖမ်းဆီးမှုတွေ ဖြစ်လာတာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသား ၂ ဦးနဲ့ စင်ကာပူမှာ အမြဲတမ်းနေထိုင်ခွင့် (ပီအာရ်) ရထားသူ မြန်မာ ၁ ဦးကို ဇွန် ၂၄ ရက်က စင်ကာပူ ရဲတပ်ဖွဲ့တွေက တရားစွဲဆိုထားပါတယ်။
ဘာကြောင့် အခုလို လုပ်ဆောင်ရသလဲဆိုတာကိုတော့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်း မရှိပါဘူး။