A d v e r t i s e m e n t With Us

ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး (သတင်းဓာတ်ပုံ)

မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ် ဒေသတွင်း ၅ နိုင်ငံက ခေါင်းဆောင်တွေ ပါဝင်တက်ရောက်တဲ့ ၆ ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေးကို ဇွန်လ ၂၃ ရက် မနက်က နေပြည်တော်မှာ ကျင်းပနေပါတယ်။ ဒီအစည်းအဝေးမှာ စီးပွားရေး၊ စိုက်ပျိုးရေးနဲ့ ခရီးသွားလုပ်ငန်း အပါအ၀င် ဒေသတခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ကိစ္စတွေ ဆွေးနွေးကြမှာဖြစ်ပြီး ဆွေးနွေးပွဲအပြီးမှာ ၂၀၁၆ - ၂၀၁၈ ထိ ဆောင်ရွက်မယ့် ရှေ့လုပ်ငန်းစဉ်တွေနဲ့ နေပြည်တော် ကြေညာစာတမ်းတစောင် ထုတ်ပြန်ကြေညာဖို့ ရှိနေပါတယ်။  

A d v e r t i s e m e n t With Us

More News
Up