A d v e r t i s e m e n t With Us

အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဘရာဇီး ရှုံးထွက်အဆင့်မှ ထွက်

ဓာတ်ပုံ - ဖီဖာ
ကမ္ဘာ့ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ၁၆ သင်း ရှုံးထွက်အဆင့် ပြိုင်ပွဲတွေကို ဇွန် ၂၂ ရက်က ဆက်လက်ကျင်းပရာ နာမည်ကြီး ဘရာဇီးအသင်းက သြစတြေးလျကို ၁-၀ ဂိုးနဲ့ ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ သြစတြေးလျအတွက် တလုံးတည်းသော အနိုင်ဂိုးကို လူစားဝင် ကစားသမား ကီယာဆိုင်မွန် က ပွဲချိန် မိနစ် ၈၀ မှာ သွင်းယူခဲ့တာပါ။ ဇွန်လ ၂၂ ရက်က ယှဉ်ပြိုင်တဲ့ ရှုံးထွက် အခြားပွဲစဉ်တွေမှာတော့ ပြင်သစ်က တောင်ကိုရီးယားကို ၃-၀ ဂိုး၊ အိမ်ရှင် ကနေဒါက ဆွစ်ဇာလန်ကို ၁-၀ ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ဇွန်လ ၂၁ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တွေမှာတော့ ဂျာမနီက ဆွီဒင်ကို ၄-၁ ဂိုး၊ တရုတ်က ကင်မရွန်းကို ၁-၀ ဂိုးနဲ့ အသီးသီး အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်ကို တက်ပါတယ်။ ဇွန်လ ၂၃ ရက်နေ့မှာတော့ ကျန် ရှုံးထွက်ပွဲစဉ်တွေအဖြစ် နော်ဝေနဲ့ အင်္ဂလန်၊ အမေရိကန်နဲ့ ကိုလံဘီယာတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up