A d v e r t i s e m e n t With Us

မားစ်ရောဂါ ကူးစက်သူ ထပ်မတွေ့တော့ဟု တောင်ကိုရီးယား ကြေညာ

တောင်ကိုရီးယားနိုင်ငံမှာ အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်း မားစ်ရောဂါ ကူးစက်သူ နောက်ထပ် မတွေ့ရတော့ဘူးလို့ တောင်ရီးယား ကျန်းမာရေး ၀န်ကြီးဌာနက ဇွန် ၂၀ ရက်နေ့က ကြေညာပါတယ်။ အခုလို ရောဂါသည်အသစ် ထပ်မတိုးတာဟာ ဇွန်လ ၃ ရက်နေ့ နောက်ပိုင်း  ပထမဆုံး ဖြစ်တယ်လို့လည်း ပြောပါတယ်။ နောက်ဆုံး စာရင်းအရ မားစ်ရောဂါကြောင့် သေဆုံးသူ ၂၄ ယောက်၊ ကူးစက်သူ ၁၆၆ ယောက် ရှိတာကြောင့် တောင်ကိုရီးယားဟာ ဆောဒီအာရေးဗီးယား နိုင်ငံပြီးရင် မားစ် ရောဂါ ကူးစက်မှု အဆိုးဆုံး နိုင်ငံ ဖြစ်လာပါတယ်။ လောလောဆယ် လူနာ ၆ ယောက် ဆေးရုံက ဆင်းသွားပြီး ၉၁ ယောက်က အခြေအနေ တည်ငြိမ်နေပြီး ၁၅ ယောက်က မတည်ငြိမ်သေးဘူးလို့ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူး ဂျုံယွန်း ခွန် Jeong Eun-kyeong က ပြောပါတယ်။ တောင်ကိုရီးယားမှာ မားစ်ရောဂါ ကူးစက်သူတွေ အားလုံးဟာ ဆေးရုံဆေးခန်းတွေမှာ ကူးစက်ကြတာ ဖြစ်ပါတယ်။ ရောဂါကူးစက်သူတွေ ထပ်မတိုးဘူး ဆိုပေမယ့် ကြပ်ကြပ်မတ်မတ် ဂရုစိုက်ဖို့တော့ လိုသေးတယ်လို့ ပြောပါတယ်။ မားစ်ရောဂါဟာ အသေအပျောက်များတဲ့ ဆားစ်ရောဂါနဲ့ မျိုးတူ ဖြစ်ပြီး စတင်တွေ့ရှိခဲ့တဲ့ ၂၀၁၂ ကနေ အခုအထိ တကမ္ဘာလုံးမှာ လူ ၄၅၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up