A d v e r t i s e m e n t With Us

မားစ်ရောဂါကို ပြည်သူများ မကြောက်လန့်ရန် ထိုင်းဝန်ကြီးချုပ်ပြော

ထိုင်းနိုင်ငံကို ပထမဆုံး ကူးစက်လာတဲ့ အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ မားစ်ရောဂါကို ထိုင်းပြည်သူတွေ မကြောက်လန့်နဲ့ ဒီရောဂါနဲ့ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ အကာင်းဆုံး ပြင်ဆင်ထားတယ်လို့ ဇွန် ၁၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောပါတယ်။ ထိုင်းနိုင်ငံတ၀ှမ်းမှာ ဆေးဝါးအဖွဲ့တွေကို ကောင်းကောင်း ပြင်ဆင်ထားပြီး ဒီအခြေအနေကို ကိုင်တွယ်ဖို့ အတွေ့အကြုံတွေ လုံလုံလောက်လောက် ရှိတယ်လို့လည်း ၀န်ကြီးချုပ်က ပြည်သူတွေကို အာမခံ ပြောကြားပါတယ်။ “ဆားစ်ရောဂါနဲ့ ကြက်ငှက်တုပ်ကွေးရောဂါတွေကို ဖြေရှင်းဆောင်ရွက်ခဲ့တုန်းက အတွေ့အကြုံရှိတဲ့ ဆေးရုံ ၆၉ ရုံက အခု မားစ်ရောဂါကိုလည်း ဂရုစိုက် စောင့်ရှောက်ပေးသွားမှာပါ။ သူတို့တွေက ဆေးဝန်ထမ်းတွေနဲ့ ကိရိယာပစ္စည်းတွေ လုံလောက်မှု ရှိ မရှိနဲ့ ကူးစက်ရောဂါအတွက် သီးသန့် ရောဂါခြေချုပ်ထားဖို့ အခန်းတွေ အဆင်သင့် ဖြစ် မဖြစ် စစ်ဆေးသွားမှာပါ။ ကျနော်တို့မှာ အစကတည်းက ဒီလိုနားလည်သဘောပေါက် ပြင်ဆင်ထားတာတွေ ရှိနေလို့ ဒီအချိန်မှာ ရောဂါရှိကြောင်း ဖော်ထုတ်နိုင်တာပါ။” ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ အသက် ၇၅ နှစ်အရွယ် အိုမန်နိုင်ငံသား စီးပွားရေးသမားတယောက်မှာ မားစ်ဗိုင်းရပ်စ် ကူးစက်ခံထားရတယ် ဆိုတာ ဇွန် ၁၈ ရက် နေ့က ထိုင်းနိုင်ငံရဲ့ ပထမဆုံး မားစ်ရောဂါ တွေ့ရှိမှုအဖြစ် အတည်ပြုထုတ်ပြန်ထားပါတယ်။ “လုံးဝ အထိတ်တလန့် မဖြစ်ကြပါနဲ့။ ကျနော်တို့ ဒါကို ဂရုစိုက် လုပ်ဆောင်နေပါတယ်။ တယောက်ယောက်မှာ ဒီရောဂါနဲ့ပတ်သက်ပြီး သံသယ တစုံတရာ ရှိတယ်ဆိုရင် ဒီဆေးရုံတွေကို ဆက်သွယ်ပါ။ ကျနော်တို့ တယောက်နဲ့တယောက် ကူညီရပါမယ်။ ဂရုစိုက်ကြပါ” လို့ ၀န်ကြီးချုပ်က ပြောပါတယ်။ MERS-case-in-Thailand-ReutersChaiwat-Subprasom-640x480ပြီးခဲ့တဲ့လကစပြီး တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မားစ်ဗိုင်းရပ်စ်ကြောင့် လူပေါင်း ၁၆၆ ယောက် ကူးစက်ခံရပြီး ၂၄ ယောက် သေဆုံးခဲ့ရပါတယ်။ ထိုင်းနိုင်ငံကတော့ ဒီရောဂါနဲ့ ပတ်သက်ပြီး အတည်ပြု ထုတ်ပြန်တဲ့ အာရှတိုက်ရဲ့ ၄ နိုင်ငံမြောက် ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up