Home
မြန်မာသတင်း
နက္ခတ်တာရာကြည့် အကြီးဆုံးမှန်ပြောင်း ချီလီတွင် ထားရှိမည်
DVB
·
June 14, 2015
38-Largest telescope gets approval for construction
37-Largest telescope gets approval for construction
36-Largest telescope gets approval for construction
35-Largest telescope gets approval for construction
34-Largest telescope gets approval for construction
33-Largest telescope gets approval for construction
32-Largest telescope gets approval for construction
31-Largest telescope gets approval for construction
ချီလီနိုင်ငံမြောက်ပိုင်းက ဒီတောင်ထိပ်ဟာ တည်ဆောက်ခဲ့သမျှထဲမှာ အကြီးဆုံးဆိုတဲ့ နက္ခက်တာရာကြည့် မှန်ပြောင်းထားရာနေရာ ဖြစ်လာတော့မှာပါ။ ဒီမှန်ပြောင်းကို မက်ဂျဲလန်တယ်လီစကုပ် လို့ခေါ်ပါတယ်။ ၂၅ မီတာအကျယ်ရှိတဲ့ ကြည့်မှန်တွေနဲ့တည်ဆောက်ထားတာမို့ အခြားမှန်ပြောင်း တွေထက်  ၆ ဆပိုပြီး အလင်းတွေကို စုဆုံပေးနိုင်သလို ရုပ်ထွက်ကလည်း ဟက်ဘယ်လ် နက္ခတ် တာရာကြည့်မှန်ပြောင်းထက် ၁၀ ဆပိုပြီး ပြတ်သားပါတယ်။ ခုဆိုရင် တည်ဆောက်ရေးလုပ်ငန်းစဖို့ နိုင်ငံတကာက ပါတနာတွေထည့်ဝင်တဲ့ငွေတင် အမေရိကန် ဒေါ်လာ သန်း ၅၀၀ ရှိသွားပြီဖြစ်ပြီး ခန့်မှန်းကုန်ကျစရိတ် ၁ ဘီလီယံရဲ့တ၀က်လောက် ရသွားပြီလို့ မက်ဂျဲလန် တယ်လီစကုပ်တည်ဆောက်ရေးအဖွဲ့က ဆိုပါတယ်။ လာမယ့် ၆ နှစ်အတွင်းမှာ ဒီတယ်လီစကုပ်နဲ့ အာကာသထဲကို စတင်ကြည့်ရှုနိုင်မှာဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ အပြည့်အ၀ လည်ပတ်နိုင်တော့မှာဖြစ်ပါတယ်။ ဒီလိုအကြီးစားတယ်လီစကုပ်နဲ့ဆိုရင် နက္ခတာရာပညာရှင်တွေဟာ ဟိုအရင်ကထက် အာကာသထဲကို ပိုပြီးနက်နက်ရှိုင်းရှိုင်းကြည့်ရှုနိုင်သလို အတိတ်ကခြေရာတွေကိုပါ ထောက်လှမ်းလာနိုင်မှာ ပါ။ တည်ဆောက်သူတွေရဲ့အဆိုအရ ဒီမှန်ပြောင်းသုံးတဲ့ အဓိကရည်ရွယ်ချက်က အနီးအနား ကြယ်စုတွေနားက ကမ္ဘာနဲ့တူတဲ့ဂြိုဟ်တွေကို ရှာဖွေဖို့နဲ့ အာကသထဲက အမှိန်ဆုံးဆိုတဲ့ ၀တ္ထုတွေ ကို ဖော်ထုတ်ပေးဖို့ပါပဲ။ [gallery ids="97732,97733,97734,97735,97736,97737,97738,97739"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024