ကမ္ဘာ့ဖလားခြေစစ်ပွဲ မြန်မာနှင့်လာအို ၂ ဂိုးစီ သရေကျ

ဓာတ်ပုံ - Lao Football News
၂၀၁၈ ကမ္ဘာ့ဖလား ဒုတိယအဆင့် ခြေစစ်ပွဲအဖြစ် မြန်မာအသင်းနဲ့ လာအိုအသင်းတို့ ဇွန် ၁၁ ရက်နေ့က ကစားရာ ၂ ဂိုးစီ သရေကျသွားခဲ့ပါတယ်။ ပွဲချိန် ၄၂ မိနစ်မှာ ဇော်မင်းထွန်းက မြန်မာအသင်းတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ပထမပိုင်းအပြီးမှာ မြန်မာက ၁ ဂိုးအသာနဲ့ ဦးဆောင်ခဲ့ပါတယ်။ ၈၁ မိနစ်မှာ ပင်နယ်တီကတဆင့် အိမ်ရှင် လာအိုက ချေပဂိုးရသွားခဲ့ပြီး နောက်ထပ် ၃ မိနစ်အကြာမှာ လာအိုကပဲ ဦးဆောင်ဂိုး ထပ်သွင်းသွားခဲ့ပါတယ်။ ပွဲချိန် ၈၇ မိနစ်မှာတော့  ကျော်ဇေယျာဝင်းက မြန်မာအသင်းအတွက် ချေပဂိုး သွင်းယူခဲ့လို့ ပွဲအပြီးမှာ ၂ ဂိုးစီ သရေကျသွားပါတယ်။ အခုအကြိမ်ဟာ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲနဲ့ အာရှဖလား ခြေစစ်ပွဲကို ပေါင်းပြီးကျင်းပတာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ ခြေစစ်ပွဲစဉ်တွေအဖြစ် တောင်ကိုရီးယား၊ ကူဝိတ်၊ လက်ဘနွန်၊ လာအိုတို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။ အုပ်စုအသီးသီးက အုပ်စုဗိုလ် ၈ သင်းနဲ့ အကောင်းဆုံး အုပ်စုဒုတိယ ၄ သင်းတို့ဟာ  ၂၀၁၉ အာရှဖလားခြေစစ်ပွဲ အောင်မြင်မှာဖြစ်သလို ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ တတိယအဆင့်ကိုလည်း တက်မှာဖြစ်ပါတယ်။ ကျန်တဲ့ အုပ်စုဒုတိယ ၄ သင်း၊ အုပ်စုတတိယနေရာရ ၈ သင်းနဲ့ စတုတ္ထနေရာက အကောင်းဆုံး ၄ သင်းတို့ဟာ ၂၀၁၉ အာရှဖလားခြေစစ်ပွဲ တတိယအဆင့်တက်မှာ ဖြစ်ပါတယ်။ ကျန် စတုတ္ထနေရာရ ၄ သင်းနဲ့ အုပ်စု နောက်ဆုံးနေရာရ ၈ သင်းတို့ကတော့ အာရှဖလားခြေစစ်ပွဲ တတိယအဆင့်တက်ဖို့ ရှုံးထွက်ပွဲ ကစားရမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - Lao Football News

Lao-Myanmar-LaoFootballNews02

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up