A d v e r t i s e m e n t With Us

ဘရာဇီး လူငယ်ထိန်းသိမ်းရေးစခန်းတွင် အဓိကရုဏ်းဖြစ်၊ အရာရှိ ၁၀ ဦးကို ဓားစာခံဖမ်းထား

ဓာတ်ပုံ - ရိုက်တာ
ဘရာဇီးနိုင်ငံ ဆော်ပိုလိုပြည်နယ် ဖရန်ကိုဒါ ရိုချာမြို့ လူငယ်ထိန်းသိမ်းရေး စခန်းထဲမှာရှိတဲ့ ထောင်သားတချို့က ဇွန် ၈ ရက်နေ့ မွန်းလွဲပိုင်းကစတဲ့ ထောင်တွင်း အဓိကရုဏ်းတခုအတွင်း အကျဉ်းစခန်းအရာရှိ ၁၀ ယောက်ကို ဓားစာခံ ဖမ်းထားခဲ့ပါတယ်။ ပြည်နယ်တွင်း ရီယိုနီဂရိုးကာဆာ ဖောင်ဒေးရှင်းထဲမှာ ရှိနေတဲ့ ထောင်သားတွေက ပုန်ကန်မှုစတင်ရာ အကျဉ်းစခန်း မြေကွက်ထဲမှာ တခြားလူတွေ ဘောလုံးကစားနေတုန်း ပစ္စည်းတွေကို မီးရှို့ခဲ့ပါတယ်။ အကျဉ်းသားတွေက ဆန္ဒပြမှု အဆုံးသတ်ရေးနဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးရေး ညှိနှိုင်းဖို့ လုံခြုံရေးထောင်ကြပ်နဲ့ စည်းကမ်းထိန်းသိမ်းရေး ခေါင်းဆောင်တို့နဲ့ ည ၈ နာရီ မိနစ် ၄၀ လောက်မှာ အဆက်အသွယ် ရခဲ့ပါတယ်။ ဒါပေမယ့် ထိန်းသိမ်းရေးစခန်းက နောက်ဆုံး သတင်းထုတ်ပြန်တဲ့ ည ၉ နာရီထိတော့ ဓားစာခံတယောက်မှ လွတ်မြောက်မှု မရှိသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up