A d v e r t i s e m e n t With Us

အင်ဒိုနီးရှားတွင် ကူးတို့လှေတစီး ပေါက်ကွဲမှုဖြစ်

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ဇွန် ၅ ရက်နေ့က ကူးတို့လှေတစီးရဲ့ အင်ဂျင်စက် ပေါက်ကွဲခဲ့လို့ ကမ္ဘာလှည့်ခရီးသည် ၁၁ ယာက် ဒဏ်ရာရပါတယ်။ ခရီးသည် ၁၂၉ ယောက်ကို တင်လာတဲ့ ကူးတို့လှေဟာ လွန်ဘုတ်ကျွန်းကနေ ဘာလီကျွန်းဆီကို အလာမှာ ခုလိုဖြစ်တာလို့ အင်ဒိုနီးရှား အစိုးရမီဒီယာ အန်တာရာက ပြောပါတယ်။ သေဆုံးသူ အစီရင်ခံတာ မရှိပါဘူး။ ကူးတို့လှေပေါ်မှာ သြစတြေးလျ၊ အီတလီ၊ အမေရိကန်၊ နယူးဇီလန်နဲ့ ဗြိတိန်က ခရီးသည်တွေ ပါတယ်လို့ အန်တာရာက ပြောပါတယ်။ ဒဏ်ရာရခရီးသည်တွေကို ဆေးကုသဖို့ ဒေသန္တရ ဆေးရုံကို တင်ပို့ထားပြီး တချို့ကိုတော့ ဇွန် ၆ ရက်နေ့မှာ ဘာလီကျွန်းကို လွှဲပြောင်း ကုသပေးမယ်လို့ ဒေသခံသတင်းထောက် တယောက်ကပြောပါတယ်။ အသေးစား ဒဏ်ရာရသူတွေကတော့ ဇွန် ၅ ရက်နေ့ကတည်းက ဆေးရုံက ဆင်းသွားပါပြီ။ လွန်ဘုတ်နဲ့ ဘာလီ ၂ နာရီ ခရီးစဉ်ဟာ အားလပ်ရက် အပန်းဖြေသူတွေကြား လူကြိုက်များပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ ထောင်နဲ့ချီတဲ့ ကျွန်းတွေကြား ပြေးဆွဲနေတဲ့ ကူးတို့လှေတွေမှာ ညံ့ဖျင်းတဲ့ ဘေးကင်းရေး စံချိန်တွေ ရှိတယ်လို့ မီဒီယာတွေက ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up