DVB Logo
Home
မြန်မာသတင်း
အစိုးရတပ်ကို ၀တပ်ဖွဲ့က ဆက်ဝိုင်းထား
DVB
·
June 6, 2015
အစိုးရတပ်ကို ၀တပ်ဖွဲ့က ဆက်ဝိုင်းထား
Donate to DVB

ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ထဲမှာ သစ်ထုတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အစိုးရစစ်တပ်ကို ၀ တပ်ဖွဲ့က ဇွန် ၃ ရက်နေ့ကစပြီး ဒီနေ့ထိ ဆက်ဝိုင်းထားတယ်လို့ ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (ယူဒဗလျူအက်စ်အေ) ပြောခွင့်ရ ဦးအောင်မြင့်က ပြောပါတယ်။

ဝဒေသတွင်း သစ်ထုတ်တာကို လာရောက်ဖမ်းဆီးတဲ့ အစိုးရတပ်ဖွဲ့ဝင်အင်အား ၁၀၀ လောက်ကို ၀ တပ်ဖွဲ့အင်အား ၂၀၀ လောက်က ၀ိုင်းထားတာဖြစ်ပြီး အခုထိ ၀ိုင်းထားတုန်းလို့ သူက ပြောပါတယ်။

“ဘာမှ ဆက်ဖြစ်တာတော့ မရှိပါဘူး၊ ၀ိုင်းထားတုန်း။ သူတို့က တောင်ပိုင်းက ဖြစ်စဉ်တခုလုံးကို စာနဲ့ တင်ပေးပါဆိုတော့ အသေးစိတ်ဖြစ်စဉ်တခုလုံး စာတင်ဖို့ ဆောင်ရွက်နေတယ်။ တယ်လီဖုန်းနဲ့တော့ ပြောဖြစ်တယ်၊ စာနဲ့ အတိအကျလုပ်ဖို့လေ။”

ဝ တပ်ဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က ဦးသိန်းဇော်တို့ ဆက်သွယ်လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

ဇွန်လ ၁ ရက်က ၀တပ်ဖွဲ့ရဲ့ ညွှန်ကြားမှုနဲ့  ၀ဒေသတွင်း သစ်ထုတ်နေသူတွေကို အစိုးရတပ်က လာရောက်ဖမ်းဆီးရာက ပြဿ    နာစတင်ခဲ့ပြီး ဇွန်လ ၃ ရက်မှာတော့ အစိုးရတပ်ကို ၀တပ်ဖွဲ့က ၀ိုင်းပြီးပိတ်ဆို့ထားတဲ့ အခြေအနေရောက်ခဲ့တာ ဖြစ်ပါတယ်။

ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ဟာ မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲမှာ အင်အားအကြီးဆုံးဖြစ်ပြီး အစိုးရနဲ့အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013