DVB Logo
Home
မြန်မာသတင်း
ဝ တပ်ဖွဲ့ဝင်များကို အစိုးရတပ် ဖမ်းဆီး၊ နှစ်ဘက်စစ်ရေး တင်းမာ
DVB
·
June 5, 2015
ဝ တပ်ဖွဲ့ဝင်များကို အစိုးရတပ် ဖမ်းဆီး၊ နှစ်ဘက်စစ်ရေး တင်းမာ
Donate to DVB

ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ထဲမှာ သစ်ထုတ်လုပ်နေတဲ့ ယူဒဗလျုအက်စ်အေ ၀ တပ်ဖွဲ့ဝင်တွေကို အစိုးရတပ်က ဖမ်းဆီးထားပြီး နှစ်ဘက်စစ်ရေးတင်းမာမှု အခြေအနေမှာ ရှိနေပါတယ် ။

ဇွန်လဆန်းပိုင်းက ၀ တပ်ဖွဲ့ဝင်တွေ တောထဲမှာ သစ်ခုတ်နေစဉ် အစိုးရတပ်က ၀င်ရောက် ဖမ်းဆီးထားတဲ့အတွက် သူတို့ဘက်ကလည်း တပ်ရင်း ၂ ရင်းနဲ့ ပြန်ဝိုင်းထားတယ်လို့ ယူဒဗလျူအက်စ်အေ ပြောခွင့်ရ ဦးအောင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။

“ဇွန် ၁ ရက်နေ့က တောထဲမှာ သစ်ခုတ်နေတဲ့ ကျနော်တို့ တပ်ဖွဲ့ဝင် ၁၆ ဦးကို အစိုးရတပ်က ဖမ်းသွားတယ်။ အဲဒါ ကျနော်တို့ ထိန်းချုပ်နယ်မြေထဲမှာ၊ ပြီးတော့ ကျနော်တို့အဖွဲမှာ သစ်တောစည်းကမ်းရှိပါတယ်၊ အရမ်းခုတ်လို့မရဘူး။ ဒါက တပ်မိသားစုနဲ့ ရွာသားတွေအတွက်  အဆောက်အဦပြင်ဖို့ နည်းနည်းပါးပါးပါ၊ တန် ၈၀ ပဲရှိပါတယ်။ အဲဒါကို ကောင်းကောင်းမွန်မွန်မညှိနှိုင်းဘဲ လူကို ဖမ်းခေါ်သွားတယ်၊ ၁၆ ယောက်မှာ မြန်မာအလုပ်သမား ၁၀ ယောက်ကို ပြန်လွှတ်တယ်၊ ကျန်တဲ့ တရုတ် ၄ ယောက်၊ ပလောင် ၁ ယောက် နဲ့ ၀ ၁ ယောက်ကိုတော့ တရားရုံးတင်မယ်ပြောတယ်။ ဒါကို တောင်ပိုင်း ၀ တပ်မှူးက ဘ၀င်မကျဘူး၊ အခု ကျနော်တို့ဘက်က တပ်ရင်း ၂ ရင်း နဲ့ ပြန်ဝိုင်းထားတယ်။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဋ္ဌ ၀န်ကြီး ဦးသိန်းဇော်ဆီကိုလည်း ဇွန်လ ၅ ရက် မနက်ပိုင်းက အကြောင်းကြားထားပေမယ့် ၀န်ကြီးက အစည်းအဝေးတက်နေတဲ့အတွက် အကြောင်းပြန်ကြားချက်မသိရသေးဘူးလို့ ဆိုပါတယ်။

ယူဒဗလျူအက်စ်အေ ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ဟာ မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲမှာ အင်အားအကြီးဆုံးဖြစ်ပြီး ပြီးခဲ့တဲ့ မေလဆန်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အစည်းအဝေးကို အိမ်ရှင်အဖြစ် ကမကထပြုကျင်းပကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပြည်နယ်အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013