A d v e r t i s e m e n t With Us

ဂါနာတွင် ဓာတ်ဆီဆိုင်ကြီး ပေါက်ကွဲမီးလောင်၊ ၉၀ ကျော်သေဆုံး

ဂါနာနိုင်ငံ အက်ကရာမြို့တော် ဓာတ်ဆီဆိုင်ကြီးမှာ ဇွန် ၄ ရက်နေ့က ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားပြီး လက်ရှိအချိန်အထိ လူအယောက် ၉၀ ကျော် သေဆုံးတယ်လို့ မီးသတ်တပ်ဖွဲ့က ဆိုပါတယ်။ ဂါနာနိုင်ငံမှာ ၂ ရက်ကြာ မိုးကြီးရေလွှမ်းမိုးမှုတွေ ဖြစ်နေပြီး ဓာတ်ဆီဆိုင်မှာ ရေဘေး ဒုက္ခသည်တွေ လာရောက်ခိုလှုံတဲ့အချိန် အခုလို မီးလောင်မှုဖြစ်ပွားခဲ့တာပါ။ မိုးအသည်းအသန်ရွာသွန်းနေတာကြောင့် တမြို့လုံးလည်း အိုးအိမ်စွန့် ပြောင်းရွှေ့နေရပြီး လျှပ်စစ်မီးလည်း ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။ မီးလောင်နေတဲ့အချိန်မှာ မိုးအသည်းအသန်ရွာသွန်းခဲ့တာကြောင့် မီးငြိမ်းသတ်ဖို့နဲ့ မီးဘေးကယ်ဆယ်ရေးရေး အခက်အခဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သေဆုံးသူ ဒီထက်မကမြင့်မားလာဖို့ ရှိနေပါတယ်။ အနီးက ကုန်ကားဂိတ် တခုကနေ မီးစတင်လောင်ကျွမ်းပြီး အနီးက ဓာတ်ဆီဆိုင်ကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့တာလို့ မြို့တော်မီးသတ်အာဏာပိုင်တဦးက ပြောဆိုပါတယ်။ သမ္မတ ဂျွန်မာဟာမာကိုယ်တိုင် မီးလောင်မှုအခြေအနေကို သွားရောက် ကြည့်ရှုခဲ့ပြီး အာဏာပိုင်တွေ မီးဘေး၊ ရေဘေး ကယ်ဆယ်ရေးတွေ လုပ်နချိန်မှာ တည်တည်ငြိမ်ငြိမ်နေကြဖို့ ဒေသခံတွေကို တိုက်တွန်းခဲ့ပါတယ်။ ဇွန် ၃ ရက်နေ့က နာရီအတန်ကြာ မိုးရွာသွန်းခဲ့တာကြောင့် ကားတွေနဲ့ အိမ်တွေ ရေမြှုပ်ခဲ့ပြီး လာမယ့်ရက်တွေမှာလည်း မိုးဆက်လက်ရွာသွန်းဦးမယ်လို့ မိုးလေ၀သဌာနက ခန့်မှန်းထားပါတယ်။ ဓာတ်ပုံ - ရိုက်တာ [gallery ids="96067,96068,96069"]

A d v e r t i s e m e n t With Us

More News
Up