DVB Logo
Home
မြန်မာသတင်း
မြင်းခြံ သပိတ်မှောက်ကျောင်းသားနှင့်ဝန်းရံသူများကို ရုံးထုတ်စစ်ဆေး
DVB
·
June 5, 2015
မြင်းခြံ သပိတ်မှောက်ကျောင်းသားနှင့်ဝန်းရံသူများကို ရုံးထုတ်စစ်ဆေး
1 / 5
Donate to DVB

မြင်းခြံထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ သပိတ်မှောက်ကျောင်းသားတွေနဲ့ ၀န်းရံသူ စုစုပေါင်း ၈ ဦးကို မြင်းခြံမြို့နယ်တရားရုံးမှာ ဇွန် ၄ ရက်နေ့က ထပ်မံ ရုံးထုတ်စစ်ဆေးပါတယ်။

မြင်းခြံထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ သပိတ်မှောက်ကျောင်းသား ၂ ယောက်နဲ့ ၀န်းရံသူပြည်သူ ၄ ယောက်ကို ရုံးထုတ်ခဲ့ပြီး ကျောင်းသား ကိုစည်သူမြတ် အာမခံလျှောက်ရာ ခရိုင်ရုံးက လက်ခံထားတယ်လို့ ကျောင်းသားတွေရဲ့ နေဦးမိုးအေးက ပြောပါတယ်။

“ကျနော်လိုက်ပါဆာင်ရွက်တဲ့အမှုကတော့ သင်္ချာဒုတိယနှစ်ကျောင်းသား  အောင်စည်သူမြတ် သူက ဇွန်လဆန်းမှာ ကျောင်းဖွင့်မှာဆိုတော့ သူ့အမေက သူ့သားကို အားမခံ အာမခံလျှောက်ပေးတယ်။ ခရိုင်တရားရုံးက အာမခံလျှောက်တာကို လိုက်ခံထားတယ်။”

ဒီကနေ့ရုံးချိန်းမှာတော့ တွေ့ခွင့်တောင်းတဲ့အတိုင်း ရဲမှူးက တွေ့ခွင့်ပေးသလို တရားခွင်မှာလည်း အားလုံးအဆင်ပြေချောမွေ့တယ်လို့ ပြောပါတယ်။

ကျောင်းသားတွေ ဖြစ်ကြတဲ့ ကိုဉာဏ်မြင့်သန်းနဲ့ ကိုစည်သူမြတ်၊ ၀န်းရံသူပြည်သူတွေဖြစ်ကြတဲ့ ဦးစိန်ဝင်း၊ မဖြူ၊၊ ကိုကျော်သန်းထွန်းနဲ့ ကိုသန့်ဇင် တို့ကို ပုဒ်မ ၁၄၃၊ ၁၄၅၊ ၅၀၅ (ခ) တို့နဲ့ အမှုဖွင့်ထားတာပါ။

စွဲထားတဲ့ ပုဒ်မတွေကတော့ ပုဒ်မ ၁၄၃  (ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတခုတွင် ပါဝင်သူ)၊ ပုဒ်မ ၁၄၅ (လူစုခွဲရန် အမိန့်ပေးပြီးကြောင်းသိလျက် ဥပဒေနဲ့ ဆန့်ကျင်သော အစုဝေးတွင်ပါဝင် နေခြင်း)၊ ပုဒ်မ ၅၀၅(ခ) (အများပြည်သူ၏ အကျိုးပျက်စီးစေမှု) တွေပဲဖြစ်ပါတယ်။

ဒါ့အပြင် ဇွန် ၄ ရက်နေ့မှာပဲ နိုင်ငံတော်အလံအက်ဥပဒေပုဒ်မနဲ့ တရားစွဲဆိုခဲ့ထားရတဲ့ ကိုစိုးလှိုင်နဲ့ ကိုဇင်ကိုသန့်တို့ကိုလည်း မြင်းခြံမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ သူတို့ ရုံးချိန်းမှာ အာမခံလျှောက်တာ တရားရုံးက လက်မခံခဲ့ဘူးလို့ ကိုစိုးလှိုင်နဲ့ ကိုဇင်ကိုသန့်ရဲ့ ရှေ့နေ ဦးချမ်းမြေ့က ပြောပါတယ်။

“ဒီစွပ်စွဲခံရတဲ့သူဘက်ကနေ ကျနော်တို့ ဒီနေ့ အာမခံလျှောက်တယ်။ နိုင်ငံတော် အလံဥပဒေပုဒ်မ ၁၆ ပေါ့နော်။ အာမခံလျှောက်တော့ ရုံးအနေနဲ့တော့ မပေးဘူးပေါ့။”

ကိုစိုးလှိုင်ဟာ မုံရွာနည်းပညာသက္ကသိုလ် ဒုတိယနှစ်ကျောင်းသားဖြစ်ပြီး ကိုဇင်ကိုသန့်ကတော့ ရတနာပုံတက္ကသိုလ်က မြန်မာစာအထူပြုနဲ့ စတုတ္ထနှစ် ကျောင်းသားဖြစ်ပါတယ်။

သူတို့တွေဟာ မြင်းခြံ ဒီဂရီကောလိပ်ကျောင်းအတွင်းမှာ နိုင်ငံတော်အလံကိုချပြီး ကျောင်းသားသမဂ္ဂအလံတင်မှုနဲ့ ဖမ်းဆီးတရားစွဲဆိုခံရတာဖြစ်ပါတယ်။

ဒါ့အပြင် သူတို့ နှစ်ဦးကို စီတန်လှည့်လည်မှုဥပဒေ ပုဒ်မ ၁၈ နဲ့ ဇွန် ၄ ရက်နေ့က ထပ်မံတရား စွဲဆိုခံထားရတယ်လို့လည်း ရှေ့နေ ဦးချမ်းမြေ့က ပြောပါတယ်။

မတ် ၂၇ ရက်က ရန်ကုန်၊ မန္တလေးနဲ့ မြင်းခြံအပါအ၀င် မြို့ပေါင်း ၁၀ ကျော်မှာ လက်ပံတန်း ကျောင်းသား အကြမ်းဖက်ဖြိုခွဲခဲ့တာကို ကျောင်းသားနဲ့ ပြည်သူတွေက ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြပွဲမှုအတွင်း မြင်းခြံမှာ ၅ ဦးနဲ့ ရန်ကုန်မှာ ၃ ဦး စုစုပေါင်း ၈ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ - မင်းစစ်နိုင် ဖေ့စ်ဘွတ်ခ်

[gallery ids="96042,96043,96044,96045,96046"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013