Home
မြန်မာသတင်း
ထိုင်းဝန်ကြီးချုပ်ကားနံပါတ် ထွက်သွားသည့် ထိုင်းထီ
DVB
·
June 3, 2015
မေ ၂ ရက်က ထုတ်ပြန်လိုက်တဲ့ ထိုင်းအစိုးရရဲ့ ၂ သန်းတန် ပထမဆုထီရဲ့ နောက်ဆုံးနံပါတ် ၃ လုံးဟာ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ စီးနေတဲ့ ကားနံပါတ်က နောက်ဆုံးဂဏန်း ၃ လုံးနဲ့ တိုက်ဆိုင်နေပါတယ်။ ပထမဆုနံပါတ်က ၃၈၈၈၈၁ ဖြစ်ပြီး နောက်ဆုံး ၃ လုံးက ၈၈၁ ဖြစ်ပါတယ်။ ဒီအတွက် ပရာယွတ်ရဲ့ မာစီးဒီးကားနံပါတ် ၁၈၈၁ က နောက်ဆုံး ၃ လုံး ၈၈၁နဲ့ တိုက်ဆိုင်နေတယ်လို့ ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ်သတင်းက ရေးပါတယ်။ ဒါပေမယ့် ထီထွက်တဲ့နေ့မှာ ပရာယွတ်က အစိုးရအိမ်တော်ကို မာစီးဒီးကားနဲ့ မသွားခဲ့သလို ၀န်ကြီးချုပ်ဟောင်း ယင်းလတ် ရှင်နာဝပ် အသုံးပြုခဲ့တဲ့ ဗင်ကားနဲ့သာ သွားခဲ့ရပါတယ်။ အစည်းအဝေးအပြီးမှာတော့ မာစီးဒီးကား ပျက်နေတဲ့အတွက် ဗင်ကားကို အသုံးပြုရတာလို့ ပရာယွတ်က သတင်းထောက်တွေကို ပြောပါတယ်။ ထိုင်းထီပေါက်ဂဏန်းတွေဟာလည်း ၀န်ကြီးချုပ်ဟောင်း ယင်းလပ် စီးနင်းတဲ့ ကားနံပါတ်တွေနဲ့ အမြဲတမ်း ထပ်တူကျနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024