မြန်မာကို အားပေးတဲ့ ပရိသတ် ပိုများတယ် – နယူးဇီလန်ရောက် မြန်မာပရိသတ် ဦးရဲမျိုးဟိန်း









4.8K
နယူးဇီလန်မှာ ကျင်းပနေတဲ့ ယူ ၂၀ ကမ္ဘာဖလားဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းဟာ အုပ်စု ဒုတိယပွဲစဉ်အဖြစ် ဇွန် ၂ ရက် မြန်မာစံတော်ချိန် မနက် ၇ နာရီခွဲမှာ စတင်ကစားမှာဖြစ်ပါတယ်။
နယူးဇီလန်ရောက် မြန်မာဘောလုံးပရိသတ် ဦးရဲမျိုးဟိန်းက ပွဲမစတင်မီ မြင်ကွင်းကို အခုလိုပြောပါတယ်။
“လက်ရှိ အခြေအနေအရတော့ ပရိသတ်တွေ လာနေကြပြီ။ အော့ကလန်တို့ ဘာတို့ကနေ လာတဲ့ မြန်မာပရိသတ် အများကြီးခင်ဗျ။ ယူကရိန်းပရိသတ်ကတော့ သိပ်မရှိဘူး။ သူတို့က ဒီအသင်းတွေ အားပေးဖို့အတွက် ဒီမြို့ကနေပြီး ကလေးတွေ အများကြီး လားအားပေးတယ်။ ကျောင်းက လူငယ်တွေကို လာအားပေးခိုင်းတယ်။ ကျနော်တို့ မြန်မာပရိသတ်ကတော့ အများကြီးပဲ။ ယူကရိန်းပရိသတ်ကတော့ မတွေ့သေးဘူး။ မြန်မာအသင်း ရောက်နေပြီ။ ဒီနေ့ရုံးဖွင့်ရက်ဖြစ်တဲ့အတွက် ဟိုနေ့ကလောက် မများဘူးခင်ဗျ။ မျက်နှာတွေဘာတွေ ခြယ်ပြီး အလံတွေ ဘာတွေနဲ့ လာအားပေးကြတယ်။”
ဓာတ်ပုံ – ကိုရဲဖေ့စ်ဘွတ်ခ်
[gallery ids="95521,95522,95523,95524,95525,95526,95527,95528"]