မာရသွန်အပြေးပြိုင်ပွဲတွင် အသက် ၉၂ အရွယ် အမျိုးသမီး ၀င်ရောက်ယှဉ်ပြိုင် ပန်းဝင်

ဓာတ်ပုံ - အေပီ
အမေရိကန်နိုင်ငံမှာ ယှဉ်ပြိုင်သွားတဲ့ မာရသွန်အပြေးပြိုင်ပွဲမှာ အသက် ၉၂ နှစ်အရွယ် အမျိုးသမီး ဟေးရီရက်တောင်ဆင် ၀င်ရောက် ယှဉ်ပြိုင်ပြီး ပန်းဝင်နိုင်ခဲ့လို့ အသက်အကြီးဆုံး အပြေးသမားအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ပြီးခဲ့တဲ့ မေ ၃၁ ရက်နေ့က ဆန်ဒီယေးဂိုမှာ ပြုလုပ်သွားတဲ့ ရော့စ်အန်ရိုး(Rock N Roll) မာရသွန်ပြိုင်ပွဲမှာ အမျိုးသမီးကြီး ဟေးရီရက် တောင်ဆင်က ၀င်ရောက် ယှဉ်ပြိုင်ပြီး ပန်ဝင်းနိုင်ခဲ့တယ်လို့ ဒေသမီဒီယာတွေမှာ ဖော်ပြနေပါ တယ်။ စန္ဒယားသမားဟောင်းလည်း ဖြစ်ပြီး ကင်ဆာ ရောဂါနဲ့  နပန်းလုံးနေရ တဲ့ ဟေးရီရက် တောင်ဆင်ဟာ ၂၆ မိုင်ကျော် ရှိတဲ့ မာရသွန်ပြိုင်ပွဲကို ၇ နာရီ ၂၄ မိနစ်စွန်းစွန်းနဲ့ ပန်းဝင်ခဲ့တာ ဖြစ်ပါတယ်။ ပန်းဝင်အပြီးမှာတော့ အသက်အကြီးဆုံး မာရသွန် အပြေးသမားကတော့ အခု ပြိုင်ပွဲဟာ ဒီနှစ်ရဲ့ နောက်ဆုံးပြိုင်ပွဲ ဖြစ်ပြီး နောက်ထပ် ပြိုင်ပွဲဝင်ဦးမှာ ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။ အသက် ၇၆ နှစ်အရွယ်မှာ အပြေးပြိုင်ပွဲမှာ စတင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ တောင်ဆင်အတွက်တော့  အခုပြိုင်ပွဲဟာ သူ့ရဲ့ ၁၆ ကြိမ်မြောက် မာရသွန်ပြိုင်ပွဲလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up