အန်စလော့တီကို နည်းပြခန့်ရန် အေစီမီလန် ညှိနှိုင်း

1.1K
အီတလီစီးရီးအေကလပ် အေစီမီလန်က နည်းပြ ကာလို အန်စလော့တီကို နည်းပြအဖြစ် ပြန်လည် ခန့်အပ်နိုင်ဖို့ ပြောဆို ညှိနှိုင်းနေပါတယ်။
ရီရဲလ်မက်ဒရစ်ဟာ အန်စလော့တီကို နည်းပြအဖြစ်ကနေ ပြီးခဲ့တဲ့အပတ်က ထုတ်ပယ်ထားတာပါ။
အေစီမီလန်က အန်စလော့တီကို နည်းပြအဖြစ် ခန့်အပ်ဖို့အတွက် လာမယ့် ဇွန် ၃၀ အပြီးသတ်ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
မီလန်က လက်ရှိမှာ ဖိလစ်ပို အင်ဇာဂီကို ပြီးခဲ့တဲ့ နွေရာသီမှာ နည်းပြအဖြစ် ခန့်အပ်ထားပြီး ကာယကံရှင်ကိုယ်တိုင်က မီလန်မှာ နည်းပြအဖြစ် ဆက်လုပ်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
နည်းပြ အန်စလောတီရဲ့ အသင်းဟောင်း မီလန်ဟာ ပြီးခဲ့တဲ့ စီးရီးအေ ဘောလုံးရာသီမှာ ရုန်းကန်ခဲ့ရပြီး အဆင့် ၁၀ နေရာမှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။
သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရီးရဲလ်ကို ဖလားတလုံးမှ ရအောင်ယူမပေးနိုင်တဲ့အတွက် အထုတ်ခံခဲ့ရတာပါ။
ရီရဲလ်က အထုတ်ခံရတဲ့အတွက် ခံစားရတဲ့ ဝေဒနာကို လောလောဆယ် ကုစားနေတယ်လို့ အန်စလော့တီက ပြောဆိုထားပါတယ်။
အသက် ၅၅ နှစ်အရွယ် အီတလီသား နည်းပြ အန်စလော့တီဟာ အေစီမီလန်ကို ၂၀၀၁ ကနေ ၂၀၀၉ အထိ ကိုင်တွယ်ခဲ့ဖူးပြီး ၂၀၀၄ မှာ စီးရီးအေဖလားနဲ့ ၂၀၀၃ နဲ့ ၂၀၀၇ မှာ ချန်ပီယံလိဂ်ဖလားတွေ ရယူပေးနိုင်ခဲ့ပါတယ်။