DVB Logo
Home
မြန်မာသတင်း
သူရဦးရွှေမန်းနှင့် နိုင်ငံရေးပါတီခေါင်းဆောင်များ ဖွဲ့စည်းပုံပြင်ရေး ဆွေးနွေး
DVB
·
May 29, 2015
သူရဦးရွှေမန်းနှင့် နိုင်ငံရေးပါတီခေါင်းဆောင်များ ဖွဲ့စည်းပုံပြင်ရေး ဆွေးနွေး
1 / 7
Donate to DVB

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ နိုင်ငံရေးပါတီ ၁၉ ခုက ခေါင်းဆောင်တွေ မေ ၂၉ ရက်က နေပြည်တော်မှာတွေ့ဆုံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ  ပြင်သင့်ပြင်ထိုက်တာတွေ ပြင်ဆင်ရေး အားလုံးပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူခဲ့ကြပါတယ်။

မေ ၂၉ ရက် မနက်က သူရဦးရွှေမန်းနဲ့ လွှတ်တော်တွင်းက နိုင်ငံရေးပါတီ ၁၉ ခု တွေ့ဆုံပွဲမှာ လက်ရှိ လွှတ်တော်သက်တမ်းအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်သင့်ပြင်ထိုက်တဲ့ ပုဒ်မတွေ ပြင်ဆင်ရေး အားလုံးပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့တယ်လို့ ကြံ့ခိုင်ရေးပါတီ ဗဟိုအတွင်းရေးမှူး  ဦးသိမ်းဆွေက ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီအနေနဲ့ ဖွဲ့စည်းပုံပါ ဇယား ၁၊ ၂၊ ၃ နဲ့ ၅ ကို အဓိကပြင်ဆင်ဖို့ လွှတ်တော်ကို တင်ပြထားပြီးဖြစ်သလို ပုဒ်မ ၄၃၆ နဲ့ ၅၉(စ)လည်း ပါနိုင်တယ်လို့ ပြောပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးအတွက်  ဒုတိယအကြိမ် ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲ ထပ်လုပ်ဖို့ နှောင့်နှေးနေလို့ ရွေးကောက်ပွဲမတိုင်ခင် လွှတ်တော်တွင်းကနေ ပြင်ဆင်သွားဖို့ အားလုံး ညှိနှိုင်းခဲ့တယ်လို့  ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ ပြည်မပါတီတွေ အားလုံးပူးပေါင်းပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဒေါက်တာအေးမောင်က ပြောပါတယ်။

နိုင်ငံရဲ့ လက်ရှိအနေအထားအရ အရေးကြီးတဲ့အချိန်ဖြစ်လို့ အားလုံး ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်သလို ဒီနေ့တွေ့ဆုံဆွေးနွေးခဲ့တာတွေကို အချိန်မဆိုင်းဘဲ လက်တွေ့ဆောင်ရွက်သွားဖို့ လိုတယ်လို့ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦးခက်ထိန်နန်ကလည်း သုံးသပ်ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ - H.E. Thura U Shwe Mann

[gallery ids="95081,95082,95083,95084"]

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013