A d v e r t i s e m e n t With Us

ဖျာပုံတွင် လှေစီးဒုက္ခသည် ဘင်္ဂါလီ ၇၀၀ ကျော် ထပ်မံဖမ်းမိ

ဧရာဝတီတိုင်း ဖျာပုံမြို့နယ်မှာ လှေစီးဒုက္ခသည် ဘင်္ဂါလီ လူမျိုး ၇၀၀ ကျော် လိုက်ပါလာတဲ့ ငါးဖမ်းလှေတစီးကို မြန်မာရေတပ်က တွေ့ရှိ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာအစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။ မေ ၂၉ ရက် မနက် ၆ နာရီခွဲအချိန် တပ်မတော်ရေက စစ်ရေယာဉ်အမှတ် ၆၂၃ က ဖျာပုံမြို့နယ် တင်ပုလွဲကျေးရွာအုပ်စု၊ ဓမင်းဆိပ်ကျေးရွာ အရှေ့ဘက်ရေ မိုင် ၃၀ ခန့် အကွာ မြန်မာ့ရေပိုင်နက် ပင်လယ်ပြင်မှာ မသင်္ကာဖွယ်ရာ အလျား ၇၆ ပေခန့်ရှိ ပင်လယ်ငါးဖမ်း သင်္ဘောတစ်စီးအာတွေ့ရှိ၍ စစ်ဆေးရာ ဘင်္ဂါလီလူမျိုး ကျား(၆၀၈)ဦး၊ မ(၇၄)ဦးနှင့် ကလေး ၄၅ ဦး စုစုပေါင်း ၇၂၇ ဦးနှင့် အတူ ဖမ်းဆီးရမိခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ ဖမ်းဆီးထားသူတွေကို ဟိုင်းကြီးကျွန်းကို ဆက်လက် ခေါ်ဆောင်သွားတယ်လို့ လည်း ဆိုပါတယ်။ ဓာတ်ပုံ - MOI [gallery ids="95062,95063,95064,95065,95066,95067"]

A d v e r t i s e m e n t With Us

More News
Up