DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် မြန်မာအလုပ်သမား ၂ ဦး ရိုက်သတ်ခံရ
DVB
·
May 29, 2015
မဲဆောက်တွင် မြန်မာအလုပ်သမား ၂ ဦး ရိုက်သတ်ခံရ
1 / 2
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့ပေါ်က ဆောက်လက်စ ၃ ထပ်တိုက်ကြီး တခုမှာ မြန်မာအလုပ်သမား ၂ ဦး ရိုက်သတ်ခံခဲ့ရတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မေ ၂၈ ရက် မနက် ၈ နာရီအချိန်က လူသေမှုဖြစ်ပွားကြောင်း သတင်းပို့ချက်အရ အခင်းဖြစ်ပွားရာ မဲဆောက်မြို့ ထာ့ဆိုင်လွတ်ရပ်ကွက်ရှိ အိမ်အမှတ် ၁၂၄/၁ ဆောက်လက်စ ၃ ထပ်တိုက်ပေါ် တက်ရောက်ကြည့်ရှုစစ်ဆေးရာမှာ မာကျောသောအရာတွေနဲ့ ထုနှက်ခံထားရပြီး သေဆုံးနေတဲ့ လူ ၂ ဦးအလောင်း၊ သွေးစတွေပေနေတဲ့ သစ်သား တချောင်းကို တွေ့ရတယ်လို့ မဲဆောက်မြို့မ ရဲစခန်း တာဝန်ကျရဲအရာ ရှိ နိုင်းဆစ်ဒါ ဘိုဆမ်လီ က သတင်းထောက်တွေကို ပြောပါတယ်။

အနီးတ၀ိုက် နေထိုင်သူတို့ ပြောပြချက်အရ  သေဆုံးသူ ၂ ဦးမှာ ဦးလှဦး (အသက် ၅၀)  နဲ့ ဦးမင်းမင်း ( ၅၂) နှစ်တို့ဖြစ်ပြီး ပန်းရံအလုပ်သမားတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဦးလှဦးမှာ ဦးခေါင်းနဲ့ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာ ၁၀ ချက်၊ ဦးမင်းမင်းမှာလည်း ဦးခေါင်း၊ မျက်နှာ နဲ့ ခန္ဒာပေါ်မှာ ဒဏ်ရာအသီးသီးရရှိ သေဆုံးခဲ့တာလို့ ရဲအရာရှိက ဆက်ပြောပါတယ်။

[caption id="attachment_95006" align="aligncenter" width="770"]EyWwB5WU57MYnKOuXxzrDnTgvwDwk18TIm0OjCFNgPD4Jh6KGc9eoj ဓာတ်ပုံ - thairath[/caption]

ဒဏ်ရာတွေကို စစ်ဆေးချက်အရ  သေဆုံးသူတွေဟာ မသေခင်အချိန်က ခုခံထိုးကြိတ်ကြဟန်ရှိကြောင်း၊ ဒါ့အပြင် အနီးတ၀ိုက်မှာ အရက်ပုလင်း နဲ့ ပြန့်ကြဲနေတဲ့ ပစ္စည်းအသုံး အဆောင်တွေ တွေ့ရှိတဲ့အတွက်  မြန်မာအလုပ်သမားအချင်းချင်း အရက်မူး ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ ယူဆရပြီး လူသတ်မှုကျူးလွန်သူတွေဟာလည်း ၄- ၅ ဦးလောက် ရှိ မယ်လို့  ရဲအရာရှိက ခန့်မှန်းပြောဆိုပါတယ်။

အဲဒီ ကျူးလွန်သူတွေဟာလည်း မြန်မာဘက်ခြမ်းကို ထွက်ပြေးသွားတယ်လို့ ယူဆတဲ့ အတွက် တရားခံတွေကို ဖမ်းမိဖို့ တဘက်နိုင်ငံက မြန်မာအာဏာပိုင်တွေနဲ့ ဆက် သွယ်ဆောင်ရွက်နေတယ်လို့ ရဲအရာရှိက သတင်းထောက်တွေကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013