Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာအလုပ်သမားတဦးက ဇနီးဖြစ်သူကို ရိုက်သတ်
DVB
·
May 28, 2015
EyWwB5WU57MYnKOuXxzqrL4L3btq0EDbaohX1i1x4GM4ZgLuWckCaM
EyWwB5WU57MYnKOuXxzq4UWEshbvvV9RXIPiJyv2bFjXFrmMaiEHce
ထိုင်းတောင်ပိုင်း ကရပိခရိုင် ခေါင်ဖနုမ်မြို့နယ်ထဲမှာ မြန်မာအလုပ်သမားတဦးက ဇနီးဖြစ်သူကို ရိုက်သတ်တဲ့အမှု ဖြစ်ပွားခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ မေ ၂၇ ရက် မနက် ၁၀ နာရီအချိန်က  ခေါ်ဖနုမ်ရပ်ကွက် နယ်မြေ ၈ က ရာဘာခြံထဲမှာ လူသေမှုရှိကြောင်း အကြောင်းကြားချက်အရ သွားရောက်စစ်ဆေးကြည့်ရှုရာမှာ အသက် ၁၆ နှစ်ရွယ် မိန်းကလေးတဦးဟာ ဦးခေါင်း၊ ပေါင်၊ ခြေထောက်နဲ့ အမျိုးသမီးအင်္ဂါတွေမှာ မာကျောတဲ့ အရာနဲ့ ရိုက်နှက်ခံထားရတဲ့ ပုံစံနဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ ခေါင်ဖနုမ်မြို့နယ်ရဲစခန်း တာဝန်ကျ ဒုရဲမှူး ဆူရိယားတမ်လုန်းဝပ်နားက သတင်းထောက်တွေကို ပြောပါတယ်။ [caption id="attachment_94896" align="alignright" width="452"] ဓာတ်ပုံ - Thairath[/caption] ဆက်လက်စစ်ဆေးချက်အရ မိန်းကလေးဟာ မအိအိဆိုသူ မြန်မာအလုပ်သမားဖြစ်ပြီး လွန်ခဲ့တဲ့ ၅ နာရီအကြာက သေဆုံးခဲ့ဟန်ရှိကြောင်း၊  ဆရာဝန်ရဲ့ စစ်ဆေးချက်အရ သားအိမ်တွင်းမှာ အရှည် ၃ လက်မခန့် သစ်ကိုင်းတချောင်း ထိုးထည့်ထားတာလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ လုပ်ဖော်ကိုင်ဖက် အလုပ်သမားတဦးက ရဲတပ်ဖွဲ့ကို ပြောပြရာမှာ သေဆုံးသူဟာ အဲဒီရာဘာခြံမှာ ခင်ပွန်းဖြစ်သူနဲ့ အလုပ်လုပ်နေကြောင်း၊ အဲဒီမနက်က သူတို့အိမ်ကိုလာတော့ တအိမ်လုံးတိတ်ဆိတ်နေလို့ အိမ်ပေါ်တက်ကြည့်ရာ အိပ်ယာထက်မှာ သေဆုံးနေတဲ့ မအိအိကို တွေ့ပြီးရဲစခန်းကို အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။ သေသူရဲ့ ခင်ပွန်းဟာ  ကိုမျိုးဦး (အသက် ၂၈ နှစ်) ဆိုသူဖြစ်ပြီး ပျောက်ဆုံးနေတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက သူ့ကို လိုက်လံရှာဖွေရာမှာ နယ်မြေ ၅ ထဲက ခေါင်ဖနုမ် - ချိုင်းပူရီး လမ်းပေါ်မှာ ၂၇ ရက်နေ့ ညနေက တွေ့ရှိခဲ့ပြီး ဇနီးဖြစ်သူကို ၀န်တိုစိတ်နဲ့ ရိုက်သတ်ခဲ့တာလို့ ၀န်ခံခဲ့ပါတယ်။ အခင်းမဖြစ်ခင်ညက သေဆုံးသူနဲ့ အတူအိပ်စက်စကားပြောရင်း တခြားမြန်မာ အလုပ်သမားတဦးက သူမကို လာရောက် ပိုးပန်းနေကြောင်း သိရတဲ့အတွက် ၀န်တိုစိတ်နဲ့ ရိုက်နှက်ခဲ့ပြီး ဆေးတိုက်ခဲ့ကြောင်း၊ ဒါပေမယ့် ဇနီးသေဆုံးသွားမှန်း သိတဲ့အခါ အ၀တ်အစားယူပြီး ထွက်ပြေးခဲ့တာလို့ ၀န်ခံသွားပါတယ်။ ကိုမျိုးဦးကို လူသတ်မှုနဲ့ ရဲစခန်းက အမှုဖွင့်ပြီး လိုအပ်သလို ဆက်လက်အရေးယူသွားမယ်လို့ ရဲအရာရှိက သတင်းထောက်တွေကို ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024